Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ကောလိပ်နဲ့ စာသင်ကျောင်းဝင်းထဲ တိုက်လေယာဉ် ပျက်ကျ၊ ၁၉ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးဟာ ဒါကာမြို့တော်မှာ ပျက်ကျပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

AP

ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးဟာ ဒါကာမြို့တော်မှာ ပျက်ကျပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဲဒီ လေယာဉ်ဟာ ဒါကာရဲ့ လူနေရပ်ကွက် တစ်ခုဖြစ်တဲ့ ဒီရာဘာရီရဲ့ Milestone ကောလိပ်နဲ့ စာသင်ကျောင်းဝင်း ဧရိယာထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၂၁ ရက်နေ့က ဖြစ်စဉ်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၉ ဦး အတည်ပြုထားပြီး ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒါဟာ လတ်တလော နှစ်ပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသမိုင်းမှာ အသေအပျောက် အများဆုံး လေကြောင်း မတော်တဆမှု အနေနဲ့လည်း မှတ်တမ်းဝင်လာစေပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ ခေါင်းဆောင် မူဟာမက် ယူနွတ်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ကျောင်းသူကျောင်းသား အများစု အပါအဝင် လူ ၈၃ ဦးထက်မနည်းဟာ ဒဏ်ရာတွေကြောင့် ဆေးရုံတက် ကုသမှုတွေ ခံယူနေရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း သူက ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးစာရင်းမှာ လေယာဉ်မှူးလည်း ပါဝင်ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက AP သတင်းဌာနဆီ အတည်ပြု ပြောကြားထားပါတယ်။ လေယာဉ် ပျက်ကျပြီးတဲ့နောက် အနီးတဝိုက်မှာ ရှိနေသူတွေဟာ အခင်းဖြစ်ရာ နေရာကို အကူအညီပေးဖို့ အပြေးအလွှား သွားရောက်ခဲ့သလို လောင်ကျွမ်းနေတဲ့ မီးတွေကိုလည်း ကြိုးစား ငြှိမ်းသတ်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ထိခိုက်သေဆုံးသူတွေအတွက် အထူးဝမ်းနည်း ကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပြီး ကြေကွဲဝမ်းနည်းမှု ကာလ တစ်ရက်တာ သတ်မှတ်သွားမယ်လို့ ယူနွတ်စ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ကြေညာခဲ့ပါတယ်။

တရုတ်လုပ် F-7 အမျိုးအစား တိုက်လေယာဉ်ဟာ အခြေစိုက် စခန်းကနေ ပျံတက်ခဲ့ပြီး မကြာခင်မှာ ပျက်ကျခဲ့တာပါ။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲလို့ ဘင်္ဂလားဒေ့ရှ် လေတပ်က ပြောကြားထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook