Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည် အိန္ဒိယ စမ်းသပ်ပစ်ခတ်

နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ပစ်ခတ်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယက အတည်ပြုခဲ့ပါတယ်။

နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ပစ်ခတ်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယက အတည်ပြုခဲ့ပါတယ်။

ဩဂုတ် ၂၀ ရက်နေ့က နိုင်ငံအရှေ့ပိုင်း၊ ဩရိသ ပြည်နယ်ကနေ Angi-5 အမျိုးအစား ဒုံးကျည်ကို စမ်းသပ် ပစ်ခတ်ခဲ့ပြီး စိတ်ကျေနပ်စရာ ရလဒ်မျိုး တွေ့ရှိခဲ့ရကြောင်း အိန္ဒိယ စစ်တပ်က ပြောပါတယ်။ တကယ်လို့ အဲဒီဒုံးကျည်ဟာ လက်တွေ့ အသုံးပြုနိုင်တဲ့ အဆင့်ထိ ရောက်ရှိပြီး စွမ်းအားပြည့် ပျံသန်းမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ချိန်ရွယ် တိုက်ခိုက်နိုင်မယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ဟာ ၂၀၂၀ ပြည့်နှစ်က နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ပေမယ့် အခုအခါမှာတော့ ပြိုင်ဘက် နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ပြန်လည် ကုစား ပြင်ဆင်လာနေကြပါတယ်။

တစ်ဖက်မှာတော့ အိန္ဒိယဟာ အိမ်နီးချင်း ပါကစ္စတန် နိုင်ငံနဲ့လည်း တင်းမာတဲ့ ဆက်ဆံရေးမျိုး ရှိနေဆဲပါ။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့ အားလုံးဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယဟာ နယ်စပ်ပြဿနာကို အကြောင်းပြုပြီး အင်အားကြီး ပြိုင်ဘက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာနေတာကြောင့် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ပိုမို အားထည့် ကြိုးစားနေပါတယ်။ အဲဒီ အစီအမံတွေထဲမှာတော့ ပြည်တွင်းဖြစ် စစ်လက်နက်တွေ ချဲ့ထွင် တည်ဆောက်ရေးကလည်း အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေပါတယ်။

Angi-5ဟာ အိန္ဒိယက ပြည်တွင်းဖြစ် စမ်းသပ် ထုတ်လုပ်နေတဲ့ တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေထဲက တစ်မျိုးဖြစ်ပြီး ကီလိုမီတာ ၇၀၀၀ ကနေ ၈၀၀၀ ကြားလောက် အကွာအဝေးက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

Facebook