Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် ငလျင်ကြောင့် သေဆုံးသူ ၁၄၀၀ ကျော်လာ၊ နောက်ဆက်တွဲ ငလျင်တွေကြောင့် ကယ်ဆယ်ရေးတွေ အခက်တွေ့နေ

အာဖဂန်နစ္စတန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ၁၄၀၀ ကျော်လွန်လာပြီ ဖြစ်သလို ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်နေတာကလည်း ကယ်ဆယ်ရေး အဖွဲ့တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုမျိုး ကြုံတွေ့စေပါတယ်။

ဓာတ်ပုံ - AP

အာဖဂန်နစ္စတန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ၁၄၀၀ ကျော်လွန်လာပြီ ဖြစ်သလို ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်နေတာကလည်း ကယ်ဆယ်ရေး အဖွဲ့တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုမျိုး ကြုံတွေ့စေပါတယ်။

ပြင်းအား မဂ္ဂနီကျု ၆.၀ အဆင့် ငလျင်ဟာ ဩဂုတ် ၃၁ ရက် ညသန်းခေါင်ယံ မတင်ခင်တုန်းက အာဖဂန် အရှေ့ပိုင်း၊ ပါကစ္စတန်နဲ့ နယ်စပ်နားကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။ ငလျင်ရဲ့ ဗဟိုချက်ဟာ မြေအနက် ၈ ကီလိုမီတာလောက် ခပ်တိမ်တိမ်ကို ဦးတည်ခဲ့ခြင်းကလည်း မြေပြင်ပေါ်မှာ ပိုမိုဆိုးရွားကြမ်းတမ်းတဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းထိ အခြေအနေအရ ငလျင်ကြောင့် ကူနာနဲ့ နန်ဂါဟာ ပြည်နယ်တွေထဲမှာ သေဆုံးသူ ၁၄၁၁ ဦးထိ များပြားခဲ့ပြီး ၃၁၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေသေးတာကြောင့် သေဆုံးစာရင်းက တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ငလျင်ကြောင့် ဖြစ်ပွားတဲ့ မြေပြိုမှုတွေကြောင့် ဝေးလံသီခေါင်တဲ့ ကျေးရွာတချို့နဲ့ အဆက်အသွယ် ပြတ်တောက်ကုန်ပြီး အဲဒီနေရာတွေမှာ အခြေအနေ ဘယ်လောက်ဆိုးသလဲ ဆိုတာကို အတိအကျ မသိရသေးပါဘူး။

ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တာလီဘန် လက်နက်ကိုင် အဖွဲ့က အုပ်ချုပ်နေတဲ့ အာဖဂန်မှာတော့ ကျေးလက်ဒေသ နေအိမ်တွေကို ရွှံ့အုတ်တွေနဲ့ အဓိက တည်ဆောက်လေ့ ရှိပါတယ်။ ငလျင်က ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်ချိန်မှာ အဲဒီလို အိမ်တွေက ဒဏ်မခံနိုင်ဘဲ တချို့နေရာတွေမှာ ရွာလုံးကျွတ် အပျက်အစီးပုံတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တာလီဘန်တွေကတော့ ရဟတ်ယာဉ်ဆင်းဖို့ မဖြစ်နိုင်လောက်တဲ့ နေရာတွေမှာ ကွန်မန်ဒိုတွေကို ကြိုးတွေနဲ့ ချပေးပြီး ဒေသခံတွေနဲ့အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေစေတယ်လို့ တာလီဘန်တွေက ကြေညာထားပါတယ်။

ငလျင်အပြီးမှာတော့ ပိတ်မိနေသူတွေကို ရှာဖွေကယ်ထုတ်နိုင်ရေး အပူတပြင်း ကြိုးပမ်းနေကြပေမယ့် နောက်ဆက်တွဲ ငလျင်တွေကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ သတိကြီးကြီး အလုပ်လုပ်နေရပါတယ်။

မဂ္ဂနီကျု ၆.၀ အဆင့် ငလျင်ကြီးအပြီး အဲဒီတဝိုက်မှာပဲ မဂ္ဂနီကျု ၅.၀ အထက် ငလျင် အနည်းဆုံး ၃ ကြိမ် ထပ်လှုပ်ခဲ့ပြီး ဖြစ်တာကြောင့် ဒေသခံတွေ အရမ်းစိတ်လှုပ်ရှား ပူပန်နေကြပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်ကြိမ်ကတော့ ပြင်းအား မဂ္ဂနီကျု ၅.၅ အဆင့်ထိ ရှိခဲ့ပါတယ်။

လက်ရှိရထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် အိမ်ပေါင်း ၅၄၀၀ လောက် လုံးဝဥဿုံ ပြိုကျပျက်စီးခဲ့တယ်လို့လည်း တာလီဘန်တွေက ကြေညာထားပါတယ်။

အာဖဂန်ဟာ အင်အားပြင်း ငလျင်တွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အထူးသဖြင့် နိုင်ငံ အရှေ့ပိုင်းက တောင်ထူတဲ့ ဒေသတွေမှာ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း မဂ္ဂနီကျု ၇.၀ အထက် ပြင်းထန်တဲ့ ငလျင်ပေါင်း ၁၂ ခုထိ လှုပ်ခတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။