Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တာလီဘန်တွေ လက်ထဲက အမေရိကန် လေတပ်စခန်းဟောင်းကို ပြန်လိုချင်တယ်လို့ ထရမ့်ပြော

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters/File

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အာဖဂန်ကို အမေရိကန်ရဲ့ ရန်သူတော်ဟောင်း တာလီဘန်တွေ ပြန်လည် အုပ်ချုပ်နေတာ အခုဆိုရင် ၄ နှစ်လောက် ကြာခဲ့ပြီး ဖြစ်ပေမယ့် ထရမ့်က ဘာဂရမ် လေတပ်စခန်းမှာ အမေရိကန် စစ်သားတွေ ပြန်လည် အခြေစိုက်နိုင်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်တုန်းက အမေရိကန် သမ္မတအဖြစ် ဂျိုးဘိုင်ဒန် တာဝန်ယူနေချိန်မှာ အာဖဂန်ရောက် အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဘာဂရမ်ကိုလည်း တာလီဘန်တွေ လက်ထဲမှာပဲ ချန်ထားခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဗြိတိန်နိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေခဲ့တဲ့ ထရမ့်က အိမ်ရှင်နိုင်ငံ ဝန်ကြီးချုပ် ဆာ ကီရာ စတာမာနဲ့အတူ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဘာဂရမ်ကို ပြန်ယူချင်တဲ့ သူ့ရဲ့ စိတ်ကူးကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP/File

ဘာဂရမ်ကို ပြန်ယူဖို့ သူတို့ ကြိုးစားနေပါတယ်လို့ ထရမ့်က ဆိုပါတယ်။ အိမ်ဖြူတော်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ထရမ့်ဟာ ဘာဂရမ်မှာ အမေရိကန်တပ်တွေ ပြန်လည် အခြေစိုက်စေချင်တယ်ဆိုတဲ့ စိတ်ကူးကို အရင်ကတည်းကလည်း အရိပ်အမြွက် ပြောဆိုဖူးပါတယ်။

ဘာဂရမ် လေတပ်စခန်းရဲ့ တည်နေရာဟာ အမေရိကန်ရဲ့ အဓိက စီးပွားရေး၊ စစ်ရေး ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပိုင်နက်နဲ့ နီးနီးကပ်ကပ် တည်ရှိနေပြီး တရုတ်ကို တန်ပြန်မယ့် စစ်ရေး အခင်းအကျင်းတွေအတွက် အရမ်းအရေးပါနိုင်တယ်လို့ ထရမ့်က ပြောခဲ့ဖူးတာပါ။

ဘာဂရမ်ကို ပြန်လိုချင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အဲဒီ လေတပ်စခန်းဟာ တရုတ်က နျူကလီးယား စစ်လက်နက်တွေ ထုတ်လုပ်နေတဲ့ နေရာနဲ့ တစ်နာရီ ခရီးလောက်သာ ဝေးတာကြောင့်လို့လည်း ထရမ့်က မှတ်ချက်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ အာဖဂန် ပိုင်နက်ထဲမှာ အမေရိကန်တပ်တွေ နောက်တစ်ကြိမ် ဖြန့်ကျက်လိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တာလီဘန် အာဏာပိုင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်သွယ် ဆွေးနွေးထားသလား ဆိုတာကို ဘာမှ မပြောသေးပါဘူး။ တာလီဘန်တွေဟာ ၂၀၀၁ ကနေ ၂၀၂၁ ခုနှစ်ထိ ဆယ်စုနှစ် နှစ်ခုကြာအောင် အာဖဂန်မှာ အမေရိကန်နဲ့ စစ်ခင်းတိုက်ခိုက်ခဲ့ဖူးပါတယ်။

တခြားတစ်ဖက်မှာတော့ တာလီဘန်တွေ အနေနဲ့ စီးပွားရေး အကျပ်အတည်းတွေ၊ နိုင်ငံတကာ အသိအမှတ်ပြုမှု ကင်းမဲ့တာတွေ၊ ပြည်တွင်းရေး အရှုပ်အထွေးတွေနဲ့ ရုန်းကန်နေရတာကြောင့် အမေရိကန်နဲ့ ညှိနှိုင်းမှုတိုင်းဟာ အကျိုးရှိလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီးချိန် ကတည်းက တာလီဘန်တွေဟာ ပြိုင်ဘက် စစ်သွေးကြွ အုပ်စုတွေရဲ့ ထိုးနှက် တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေပြီး နိုင်ငံရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။