Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်-တောင်ကိုရီးယား လုံခြုံရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

အမေရိကန်နဲ့ တောင်ကိုရီးယားကြားက လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေ၊ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး တောင်ကိုရီးယားကို ရောက်ရှိလာနေတာတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်နဲ့ တောင်ကိုရီးယားကြားက လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေ၊ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး တောင်ကိုရီးယားကို ရောက်ရှိလာနေတာတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ်က အဲဒီအခြေအနေတွေကို ရှုတ်ချကြောင်း နိုဝင်ဘာ ၈ ရက်နေ့မှာ ကြေညာခဲ့သလို မြောက်ကိုရီးယားဖက်က ရန်လို တိုက်ခိုက်မှု ပိုဆန်တဲ့ အစီအမံတွေနဲ့ တုံ့ပြန်ရလိမ့်မယ်လို့လည်း သတိပေးသွားခဲ့ပါတယ်။

အဲဒီမတိုင်ခင် တစ်ရက်မှာလည်း မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ဆီကို တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ပြခဲ့ပါသေးတယ်။ အခုသီတင်းပတ်ထဲမှာ အမေရိကန်က ဆိုက်ဘာ ငွေကြေး ခဝါချမှု စွပ်စွဲချက်တွေကို အခြေပြုပြီး မြောက်ကိုရီးယားက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တချို့ကိုလည်း စီးပွားရေး ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာတော့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန် ကြေညာချက် ထုတ်ရာမှာ မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်မှုကို ရှုတ်ချထားသလို တောင်ကိုရီးယား-အမေရိကန် လုံခြုံရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ သဘောထားအပေါ် စိတ်ပျက်မိတယ်လို့ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားကြားက ဆွေးနွေးမှုတွေဟာ မြောက်ကိုရီးယားအပေါ် အဲဒီနှစ်နိုင်ငံရဲ့ သဘောထားတွေက ဘယ်လိုရှိနေသလဲ ဆိုတာကို ကမ္ဘာသိ ထပ်ပြီး ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က တောင်ကိုရီးယားနဲ့ ထားရှိတဲ့ မဟာမိတ် ဆက်ဆံရေးဟာ ခြွင်းချက်မရှိ ဆက်လက် ခိုင်မာ မြဲမြံနေမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး USS George Washingtonက တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ ဆိပ်ကမ်းဆီ အခုသီတင်းပတ်ထဲမှာ ရောက်ရှိလာတဲ့ ကိစ္စကိုလည်း ရှုတ်ချထားပါတယ်။

အဲဒီ လေယာဉ်တင်သင်္ဘောကြီး ရောက်ရှိလာမှုဟာ မြောက်ကိုရီးယားကို အင်အားပြ ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်နေပြီး ဒီအတွက်လည်း မြောက်ကိုရီးယားက နိုင်ငံရဲ့ လုံခြုံရေးအတွက် ရန်သူတွေအပေါ် ပိုပြီး ရန်လိုတဲ့ အခင်းအကျင်းမျိုးတွေ ပြသလာနိုင်ကြောင်း နိုက မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနဆီကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်ကိုရီးယား နိုင်ငံဆီ ရောက်ရှိလာချိန်မှာလည်း မြောက်ကိုရီးယားဟာ နိုင်ငံ အနောက်ဖက်ခြမ်းမှာ ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ပြခဲ့ဖူးပါတယ်။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ဦးစီး ဌာနကတော့ အဲဒီ ဒုံးကျည် စမ်းသပ်မှုတွေက အမေရိကန် နိုင်ငံသားတွေနဲ့ ပိုင်နက်နယ်မြေတွေ၊ မဟာမိတ်တွေအပေါ် တိုက်ရိုက် ခြိမ်းခြောက်မှု မရှိခဲ့ကြောင်း၊ ဒါပေမဲ့ ဒေသတည်ငြိမ်ရေး အားထုတ်မှုတွေကိုတော့ ထိခိုက်စေခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။