Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့ကို ပြန်မတောင်းပန်ရင် BBCကို တရားစွဲမယ်လို့ ထရမ့် သတိပေးထား

သူ့အပေါ် အထင်အမြင်လွဲမှုတွေ ဖြစ်စေခဲ့တဲ့အပေါ် မတောင်းပန်ဘူးဆိုရင် နစ်နာကြေး အလုံးအရင်း ရလိုမှုနဲ့ BBC သတင်းဌာနကို တရားစွဲဆိုသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - UPI

သူ့အပေါ် အထင်အမြင်လွဲမှုတွေ ဖြစ်စေခဲ့တဲ့အပေါ် မတောင်းပန်ဘူးဆိုရင် နစ်နာကြေး အလုံးအရင်း ရလိုမှုနဲ့ BBC သတင်းဌာနကို တရားစွဲဆိုသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

သူ့ရဲ့ ပထမအကြိမ် သမ္မတရာထူး သက်တမ်းကာလ ကုန်ဆုံးခါနီး ၂၀၂၁ နှစ်ဆန်းပိုင်းတုန်းက ထရမ့်ပြောကြားခဲ့တဲ့ မိန့်ခွန်းနှစ်ခုကို ဗြိတိန် သတင်းဌာနရဲ့ မှတ်တမ်း ရုပ်ရှင် တစ်ခုမှာ တည်းဖြတ်ထားမှုက ဆိုလိုရင်းနဲ့ လွဲမှားတဲ့ အဓိပ္ပါယ်တွေဆီ ဦးတည်သွားစေကြောင်း ဝေဖန် ခံနေရပါတယ်။ အကျိုးဆက်အဖြစ် အဲဒီတုန်းက အမေရိကန် လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ ထရမ့်က ပိုပြီး တိုက်ရိုက်ကျကျ လှုံ့ဆော် အားပေးခဲ့တဲ့ ထင်ယောင်ထင်မှား အဓိပ္ပါယ်မျိုးဆီ ဦးတည်သွားစေခဲ့တယ်လို့ ဆိုပါတယ်။

BBCက ဒီကိစ္စမှာ မှားယွင်းတဲ့ စီမံကိုင်တွယ်မှုမျိုး ဖြစ်ခဲ့တယ်လို့ ဝန်ခံထားသလို BBCရဲ့ ညွှန်ကြားရေးမှူးချုပ်၊ သတင်းဌာန အကြီးအကဲတို့လည်း လောလောလတ်လတ်မှာပဲ တာဝန်ယူ နုတ်ထွက်ခဲ့ရပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ထရမ့်ရဲ့ ရှေ့နေတွေက BBCအနေနဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်ကို နိုဝင်ဘာ ၁၄ ရက်နေ့ မတိုင်ခင် အပြီးအစီး ရှင်းလင်း ရုပ်သိမ်းပေးဖို့ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ တကယ်လို့ ပျက်ကွက်မယ်ဆိုရင် ဒေါ်လာ ၁ ဘီလီယံထက် မနည်းတဲ့ နစ်နာကြေး ရလိုမှုနဲ့ BBCကို တရားစွဲရလိမ့်မယ်လို့ စာထဲမှာ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစာထဲမှာ BBC အနေနဲ့ ကျူးလွန်ခဲ့တဲ့ အမှားအတွက် ဝန်ချတောင်းပန်ဖို့၊ ထရမ့်ကို ထိုက်သင့်တဲ့ နစ်နာကြေး ညှိနှိုင်းပေးချေဖို့ ဆိုတာတွေလည်း တောင်းဆိုထားပါတယ်။ BBCရဲ့ မှတ်တမ်းရုပ်ရှင်ဟာ ကာယကံရှင် ထရမ့်အတွက် ဂုဏ်သတင်းအရရော၊ ဘဏ္ဍာရေးအရပါ အကြီးအကျယ် နစ်နာစေခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်ကို BBCရဲ့ Panoram သတင်းအစီအစဉ်အတွက် ရိုက်ကူးပြီး ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ထရမ့်ထောက်ခံသူတွေက လွှတ်တော်ကို ဝင်ရောက် မစီးနင်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက ထရမ့်ပြောကြားတဲ့ မိန့်ခွန်းရဲ့ မတူညီတဲ့ အပိုင်းတွေကို လိုသလို ချိတ်ဆက်ထားခဲ့ပါတယ်။ ထရမ့်ရဲ့ ရှေ့နေတွေကတော့ ဒါဟာ သတင်းအချက်အလက် မှားယွင်းဖြန့်ဝေတာ၊ အပုပ်ချတာမျိုး ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒါတင်မကသေးဘဲ သူ့ကို ထောက်ခံသူတွေ အနေနဲ့ မကျေနပ်မှုတွေကို ဖော်ထုတ်ချင်တယ်ဆိုရင် ငြိမ်းချမ်းစွာ၊ မျိုးချစ်စိတ်ဓာတ် ထက်သန်စွာ ချီတက် ဆန္ဒပြကြဖို့ ထရမ့်က တိုက်တွန်းထားခဲ့တဲ့ အပိုင်းကိုလည်း BBCက ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ထရမ့်ကတော့ အမေရိကန် သမိုင်းမှာ အကျည်းတန်ဆုံး ဖြစ်ရပ်တစ်ခုလို့ သတ်မှတ်နိုင်တဲ့ လွှတ်တော် စီးနင်းမှုကြီး ဖြစ်လာအောင် သူက မြှောက်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် အတည်ပြုဖို့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့အချိန် ထရမ့်ကို ထောက်ခံသူ လွှတ်တော် အဆောက်အအုံထဲ ကျူးကျော်ပြီး စီးနင်းခဲ့ကြတာပါ။ ၃၆ နာရီ ကြာမြင့်ခဲ့တဲ့ အရှုပ်အထွေး ကာလအတွင်း ၆ ဦးသေဆုံးခဲ့ပြီး ရဲအရာရှိ ၁၇၀ ကျော် အပါအဝင် အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။