Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ် တိုက်လေယာဉ် အစီး ၁၀၀ ယူကရိန်းဆီ ထောက်ပံ့ရောင်းချရေး သဘောတူ စာချုပ် ချုပ်ဆို

ယူကရိန်းအတွက် ပြင်သစ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ် အစီး ၁၀၀ နဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ ရေရှည် ထောက်ပံ့ ရောင်းချပေးသွားဖို့ သဘောတူညီ စာချုပ်ကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းအတွက် ပြင်သစ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ် အစီး ၁၀၀ နဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ ရေရှည် ထောက်ပံ့ ရောင်းချပေးသွားဖို့ သဘောတူညီ စာချုပ်ကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ဟာ သမိုင်းဝင် သဘောတူညီမှုလို့ ကြွေးကြော်ထားတဲ့ စာချုပ်ကို ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီနားက လေတပ်စခန်း တစ်ခုမှာ အတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ စာချုပ်ရဲ့ ရည်ရွယ်ချက်ဟာ ယူကရိန်းက လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် ပြင်သစ်ရဲ့ စစ်လက်နက်တွေကို အပူတပြင်း ကူညီပေးပို့ဖို့ ဆိုတာမျိုးထက် စစ်ပွဲအလွန် ယူကရိန်းရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ပြင်သစ်ရဲ့ အဆင့်မြင့် စစ်လက်နက်တွေကို ဖြည့်တင်းပေးထားခြင်းကြောင့် ယူကရိန်းဟာ အနာဂတ်မှာ ကြုံလာနိုင်တဲ့ ရုရှား တိုက်ခိုက်မှု အသစ်တွေကို ကိုယ်စွမ်းကိုယ်စနဲ့ ပိုမို ကာကွယ်လာနိုင်မယ်လို့ မာခရွန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စာချုပ်အရ ပြင်သစ်ဟာ လာမယ့် ၁၀ နှစ်တာအတွင်း ယူကရိန်းအတွက် Rafale F4 တိုက်လေယာဉ် စုစုပေါင်း အစီး ၁၀၀ ကို တစ်သုတ်ချင်းစီ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်း အနေနဲ့ ပြင်သစ်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တခြားခဲယမ်းမီးကျောက်တွေကိုလည်း ဝယ်ယူနိုင်မှာပါ။

ယူကရိန်းဆီ တိုက်လေယာဉ် အစီး ၁၀၀ ကို ၂၀၃၅ မှာ အပြီးသတ် ပေးပို့ဖို့ စီစဉ်နေပြီလို့လည်း Rafale တိုက်လေယာဉ်တွေကို ထုတ်လုပ်တဲ့ Dassault ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။ ဒီသဘောတူညီချက်ရဲ့ ငွေရေးကြေးရေးဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

ဒါပေမဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူကရိန်း ပေးချေရမယ့် ငွေပမာဏကို လျှော့ချဖို့အတွက် ပြင်သစ်ဟာ ဥရောပ သမဂ္ဂ (EU)ဆီက ဘဏ္ဍာရေး အထောက်အပံ့တွေကို ကူညီ ညှိနှိုင်းယူပေးတာ၊ လက်ရှိ ဆိုင်းငံ့သိမ်းယူထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေထဲ ထုတ်နုတ် သုံးစွဲတာတွေကို ဖြစ်မြောက်အောင် စီစဉ်ပေးဖွယ် ရှိတယ်လို့ သိရပါတယ်။

မာခရွန်က ယူကရိန်းဟာ တိုက်လေယာဉ်အပြင် ပြင်သစ်ရဲ့ အရမ်းထိရောက် အားကောင်းတဲ့ ရေဒါစနစ်တွေ၊ လေကြောင်းကာကွယ်ရေး လက်နက်စနစ် ၈ ခုနဲ့ တခြား ခေတ်မီ စစ်လက်နက်တွေလည်း လက်ခံရရှိမယ်လို့ ပြောပါတယ်။

ဇီလန်စကီးက အဲဒီလို လက်နက်တွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရာမှာ အရမ်းထိရောက် အရေးပါလာလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Rafale တိုက်လေယာဉ် အစီး ၁၀၀ ဆိုတာဟာ တကယ့်ကို များပြားတဲ့ ပမာဏ ဖြစ်ကြောင်း၊ စစ်ပွဲကြောင့် ပြုန်းတီးနေတဲ့ ယူကရိန်းရဲ့ ကာကွယ်ရေး စွမ်းရည်ကို ပြန်လည် ဖြည့်တင်းရာမှာ ဒီလို အားဖြည့်မှုတွေ လိုအပ်ကြောင်းလည်း သူက ဆိုပါတယ်။

မာခရွန်ကတော့ ယူကရိန်း အနေနဲ့ အနာဂတ်မှာ ဘယ်လို အခြေအနေမျိုးတွေ ရင်ဆိုင် ဖြတ်သန်းရတာပဲဖြစ်ဖြစ်၊ သူ့အနေနဲ့ ထိထိရောက်ရောက် ဆက်ပြီး ပံ့ပိုး ကူညီချင်ကြောင်းလည်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။