Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်က အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာ စစ်ဘက် အကြီးအကဲ သေဆုံး

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ စစ်ဘက် အကြီးအကဲ သေဆုံးသွားပါတယ်။

ဓာတ်ပုံ - Reuters

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ စစ်ဘက် အကြီးအကဲ သေဆုံးသွားပါတယ်။

ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေကို အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့ တစ်နှစ်လောက်က အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အဲဒီ သဘောတူညီမှု ရှိနေတဲ့တိုင် လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်က ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက် တစ်နေရာမှာ ဟစ်ဇ်ဘိုလာရဲ့ ယာယီ စစ်ဦးစီးချုပ် အလီတက်ဘ်တာဘိုင်ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ကလည်း နောက်ပိုင်းမှာတော့ တက်ဘ်တာဘိုင် သေဆုံးခဲ့တဲ့ သတင်းကို အတည်ပြုခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေက တက်ဘ်တာဘိုင်ကို ဂျီဟတ် လှုပ်ရှားမှုရဲ့ အခမ်းနားဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် ရည်ညွှန်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အအုံတစ်ခု ပျက်စီးခဲ့ပြီး လူ ၅ ဦးလောက် သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီ အဆောက်အအုံပျက်နားမှာ ရပ်ရင်း ဟစ်ဇ်ဘိုလာ အရာရှိ တစ်ဦးဖြစ်တဲ့ မာမွတ် အိုမာတီက အစ္စရေးဟာ လွန်လွန်ကဲကဲ စည်းကျော်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲသွားပါတယ်။ ဒီလုပ်ရပ်အတွက် အစ္စရေးကို ဘယ်လို တုံ့ပြန်မလဲဆိုတာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တွေက ပြန်လည် ညှိနှိုင်း သုံးသပ်သွားမယ်လို့လည်း သူက ပြောပါတယ်။

လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အစ္စရေး တိုက်ခိုက်မှုကြောင့် ၅ ဦးသေပြီး ၂၈ ဦးထက်မနည်း ဒဏ်ရာရခဲ့သလို အထပ်တချို့မြင့်တဲ့ အဆောက်အအုံလည်း အတော်လေး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆောက်အအုံကနေ ပဲ့ကျတဲ့ အစအနတွေကြောင့် လမ်းပေါ်က ကားတွေပါ ပျက်စီးခဲ့ပါတယ်။

တက်ဘ်တာဘိုင်ဟာ ဟစ်ဇ်ဘိုလာရဲ့ ဩဇာကြီးမားတဲ့ စစ်ဦးစီး တစ်ဦးဖြစ်ပြီး ၂၀၁၆ မှာ အမေရိကန်က သူ့ကို အရေးယူ ပိတ်ဆို့ပြီး နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။ အမေရိကန်က တက်ဘ်တာဘိုင်ဟာ ဟစ်ဇ်ဘိုလာရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးလို့လည်း သတ်မှတ်ပြီး ဒေါ်လာ ၅ သန်း ဆုကြေး ထုတ်ထားပါတယ်။

လေကြောင်း တိုက်ခိုက်မှုအပြီး မကြာခင်မှာပဲ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောခဲ့ရာမှာ အစ္စရေး အနေနဲ့ ဟစ်ဇ်ဘိုလာတွေကို အင်အားပြန်လည် စုစည်းတာမျိုး လုံးဝ ဖြစ်ခွင့်ပေးမှာ မဟုတ်ကြောင်း သတိပေးခဲ့သလို ဟစ်ဇ်ဘိုလာတွေဆီက လက်နက် အပြီးတိုင် ဖြုတ်ယူ သိမ်းဆည်းမယ့် သဘောတူညီချက်ကို လက်ဘနွန် အစိုးရက ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေဆီက လက်နက် ဖြုတ်ယူ သိမ်းဆည်းမှုကို လက်ဘနွန် အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်နေမယ်ဆိုရင် လက်ဘနွန် တောင်ပိုင်းမှာ ရှိနေတဲ့ အစ္စရေး တပ်တွေကို ပြန်ရုပ်သိမ်းပေးမယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ အခြေစိုက်တဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကို အခုနှစ်ထဲမှာ လက်နက်တပ်ဆင်မှု ဖျက်သိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း လက်ဘနွန် သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်က ထောက်ခံ အားပေးတဲ့ စစ်တပ်ခေါင်းဆောင်ဟာ လက်ဘနွန် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့နောက် နိုင်ငံရဲ့ နှစ်တွေနဲ့ချီ ကြာမြင့်တဲ့ သမ္မတလက်မဲ့ ဖြတ်သန်းမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့လို ဆိုးရွားတဲ့ ကံကြမ္မာမျိုးကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေလည်း ကြုံတွေ့သွားနိုင်ကြောင်း အစ္စရေးက ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။