Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ကျွန်းစုနားမှာ တရုတ်နဲ့ ဂျပန် ကမ်းခြေစောင့်တပ်တွေ အခြေအတင်ဖြစ်

နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားရာ ကျွန်းစုနားမှာ ဂျပန်နဲ့ တရုတ် ကမ်းခြေစောင့်တပ်တွေ အခြေအတင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားရာ ကျွန်းစုနားမှာ ဂျပန်နဲ့ တရုတ် ကမ်းခြေစောင့်တပ်တွေ အခြေအတင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ဆန်ကာကူ ကျွန်းစုနားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ကြား ပွတ်တိုက်မှုနဲ့ ပတ်သက်လို့ တရုတ်၊ ဂျပန်တို့ရဲ့ ထုတ်ပြန်ချက်တွေကတော့ မတူညီကြပါဘူး။

တရုတ် အစိုးရ မီဒီယာတွေရဲ့ ကြေညာချက်မှာတော့ ဒေါင်ယု ကျွန်းစုနားကို ဂျပန် ငါးဖမ်းလှေ တစ်စီးက တရားမဝင် ချဉ်းကပ်လာတာကြောင့် ကမ်းခြေစောင့်တပ်က နှင်ထုတ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒေါင်ယု ဆိုတာက ဂျပန် ထိန်းချုပ်ထားရာ ဆန်ကာကူ ကျွန်းစုကိုပဲ တရုတ်က ပေးထားတဲ့ နာမည် ဖြစ်ပါတယ်။ တရုတ်ရဲ့ ကြေညာချက်ထဲမှာတော့ အဲဒီကျွန်းစုကို တရုတ်ပိုင်နက်အဖြစ် ရည်ညွှန်းထားပါတယ်။

ဒါပေမဲ့ ဂျပန် ကမ်းခြေစောင့်တပ်က ကြေညာရာမှာတော့ ဆန်ကာကူ ကျွန်းစုနားမှာ ရှိနေတဲ့ ဂျပန် ငါးဖမ်းလှေနားကို တရုတ် ကမ်းခြေစောင့် သင်္ဘောနှစ်စီးက ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂျပန် ကမ်းခြေစောင့်တပ်က တရုတ် ရေယာဉ်တွေကို ကြားဖြတ်ဟန့်တားပြီး ထွက်ခွာသားအောင် တုံ့ပြန် ကိုင်တွယ်ခဲ့ကြောင်း ဂျပန်က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ ဂျပန်တို့ကြားမှာ သံတမန်ရေးရာ တင်းမာတဲ့ အခြေအနေတွေ ရှိနေချိန်မှာပဲ အခုလိုမျိုး ပိုင်နက် အငြင်းပွားရာ ရေပြင်မှာပါ ကမ်းခြေစောင့်တပ်ချင်း ပွတ်တိုက်မှုမျိုး ကြုံလာတာပါ။

နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဂျပန်ဝန်ကြီးချုပ် စာနအဲ တကအိချိက တကယ်လို့ တရုတ်သာ ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော် တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ လွှတ်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီစကားဟာ ဂျပန်ရဲ့ ရန်လိုမှုကို ပြသတဲ့ လုပ်ရပ်အဖြစ် တရုတ်က စွပ်စွဲပြီး ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်ရာက နှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုတွေ အစပြုလာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေပိုင်နက် အငြင်းပွားရာ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ထိန်းချုပ် ရေပြင်ဆီ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို မောင်းထုတ်နိုင်ခဲ့ကြောင်း တရုတ်က ကြေညာပါတယ်။ ဒါပေမဲ့ ဩဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ အဲဒီ ကြေညာချက်မှာ အရေးကြီးတဲ့ ဖြစ်စဉ် တစ်ခုကို...

နိုင်ငံတကာ

ဖိလစ်ပိုင် ကမ်းလွန်ရေပြင်ဆီ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ အကြီးဆုံး သင်္ဘောကြီးကို စေလွှတ်ထားတာနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ခြိမ်းခြောက်မှုဆန်တဲ့ လုပ်ရပ်တစ်ခုလို့ ဖိလစ်ပိုင်ဖက်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။