Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား တိုက်ခိုက်မှုတွေ စတင်လာပြီး လက်ဘနွန်ကိုလည်း စစ်မီးကူးစက်လာ

အီရန်စစ်ပွဲမှာ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့လည်း ပါဝင်လာတဲ့နောက် လက်ဘနွန် နိုင်ငံပိုင်နက်ထဲကိုလည်း စစ်မီးစတင် ကူးစက်လာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်စစ်ပွဲမှာ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့လည်း ပါဝင်လာတဲ့နောက် လက်ဘနွန် နိုင်ငံပိုင်နက်ထဲကိုလည်း စစ်မီးစတင် ကူးစက်လာခဲ့ပါတယ်။

အစ္စရေး မြောက်ပိုင်းနယ်မြေ စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် ရာဖီမိုင်လိုက အီရန် သစ္စာတော်ခံ အကြမ်းဖက် အဖွဲ့အစည်းက အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ရန်စ တိုက်ခိုက်ခဲ့တဲ့နောက် မတ်လ ၂ ရက်နေ့ မနက်အစောပိုင်းကစလို့ အစ္စရေးက စစ်ဆင်ရေးတွေ ဆင်နွှဲပြီး လက်တုံ့ပြန်နေကြောင်း ကြေညာခဲ့ပါတယ်။

အခုအခါ အစ္စရေးဟာ လက်ဘနွန်နဲ့ ထိစပ်ရာ နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွေမှာ တပ်တွေ ပိုမို အားဖြည့် ဖြန့်ကျက်ထားလိုက်ပြီး စစ်ဆင်ရေးတွေလည်း စတင်နေပြီလို့ ပြောပါတယ်။ အစ္စရေးစစ်တပ် IDFက လက်ဘနွန်နဲ့ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ ကျေးရွာပေါင်း ၅၀ လောက်က ဒေသခံတွေကိုလည်း ယာယီ ရွှေ့ပြောင်းကြဖို့ နှိုးဆော်ထားပါတယ်။

ဟစ်ဇ်ဘိုလာတွေ ရှိနေတဲ့ လက်ဘနွန်ဖက်ခြမ်းမှာလည်း အရပ်သားတွေက ထိတ်လန့်တကြား ရွှေ့ပြောင်းကြရင်း ယာဉ်ကြောပိတ်ဆို့မှုတွေပါ ဖြစ်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဟစ်ဇ်ဘိုလာတွေက ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တဲ့နောက် အစ္စရေးကလည်း ကြိုတင် ပြင်ဆင်ထားတဲ့အတိုင်း ဘေရွတ်မြို့တော်နဲ့ လက်ဘနွန်တောင်ပိုင်းမှာ ရှိနေတဲ့ ဟစ်ဇ်ဘိုလာ စစ်စခန်းတွေ၊ အရေးကြီးတဲ့ စစ်ရေးပစ်မှတ်တွေ၊ အကြမ်းဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်သလို အရှိန်အဟုန်လည်း မြင့်တက်လာစေမှာဖြစ်ကြောင်း မိုင်လိုက ပြောကြားသွားပါတယ်။

IDFဟာ နယ်စပ်မှာရှိတဲ့ လက်ဘနွန် ဒေသခံ ပြည်သူတွေကိုလည်း အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။ ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေးဟာ ၂၀၂၄ ခုနှစ်တုန်းကလည်း စစ်ပွဲဖြစ်ပွားခဲ့ဖူးပြီး အဲဒီနှစ် နိုဝင်ဘာ လကုန်ပိုင်းမှာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးပေါင်း တိုက်ခိုက်လာတဲ့နောက် အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်ရပ် သဘောတူညီမှုလည်း ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။