Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် အစိုးရကို ရှင်းလင်းနိုင်တဲ့ထိ စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်ပြော

အီရန်အစိုးရကို အကြမ်းဖက် အစိုးရလို့ စွပ်စွဲခဲ့ပြီး အပြီးသတ် ရှင်းလင်းပစ်ဖို့ အစ္စရေးက ဆက်လက် အားထုတ်သွားမယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်အစိုးရကို အကြမ်းဖက် အစိုးရလို့ စွပ်စွဲခဲ့ပြီး အပြီးသတ် ရှင်းလင်းပစ်ဖို့ အစ္စရေးက ဆက်လက် အားထုတ်သွားမယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

မဟာမိတ် အမေရိကန် နိုင်ငံရဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ဟာ အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို လာမယ့် သီတင်းနှစ်ပတ်ကနေ သုံးပတ်အတွင်း အဆုံးသတ်နိုင်ခြေ ရှိတယ်လို့ ပြောကြားချိန်မှာပဲ နေတန်ညာဟုက အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကတည်းက တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်နေ့မှာတော့ နေတန်ညာဟုက စစ်ဆင်ရေးဟာ မပြီးသေးကြောင်း၊ အကြမ်းဖက် အစိုးရ အဖွဲ့ကို အမှုန့်ချေပစ်ဖို့ထိ အစ္စရေးက ဆက်လုပ်နေမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

အစောပိုင်းမှာ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက သူ့နိုင်ငံဟာ အစ္စရေး၊ အမေရိကန်တို့နဲ့ စစ်ပွဲကို အဆုံးသတ်စေဖို့ လိုအပ်တဲ့ စိတ်ဆန္ဒမျိုး ရှိနေကြောင်း၊ ဒါပေမဲ့ တူညီတဲ့ ကျူးကျော် တိုက်ခိုက်မှုမျိုး ထပ်မဖြစ်စေရပါဘူးဆိုတဲ့ အာမခံချက်မျိုးတော့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုကတော့ အစ္စရေးဟာ လုပ်ဖို့လိုတာကို လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ လက်ရှိ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့လည်း အစ္စရေးက ဆက်လက် အာဏာစိုက်ထားကြောင်း၊ အစ္စရေးဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ မျက်နှာစာကို အပြောင်းအလဲတွေ ဖြစ်စေခဲ့ကြောင်းလည်း နေတန်ညာဟုက ဆက်ပြောပါတယ်။ ဒီစစ်ပွဲနဲ့အတူ အစ္စရေးဟာ ဒေသတွင်းပါဝါ နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့တယ်လို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။

အတိုက်အခံ ခေါင်းဆောင် ယဲရ်လာပစ်ဒ်ကတော့ နေတန်ညာဟုဟာ အရင်လိုပဲ လိုတာထက် စိတ်ကြီးဝင်တဲ့ မိန့်ခွန်းမျိုး ပြောခဲ့ပြန်တယ်လို့ ဝေဖန်သွားပါတယ်။ အရှေ့အလယ်ပိုင်းကို သူက ပြောင်းလဲပစ်ခဲ့ပြီ ဆိုတာမျိုး နေတန်ညာဟုက အကြိမ် ၁၀၀၀ မြောက် ကြွေးကြော်လာပြန်ကြောင်း၊ အဲဒီလို ပြောင်းလဲမှုမျိုး လုပ်နိုင်လုနီးနီး ဖြစ်ချင် ဖြစ်နိုင်ပေမယ့် အဆုံးသတ်ကတော့ တူတူပဲဖြစ်ပြီး ဘယ်တော့မှ လက်တွေ့ ပြောင်းလဲမသွားကြောင်း လာပစ်ဒ်က ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။