Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပူတပြင်းရှာဖွေနေတဲ့ တိုက်လေယာဉ် အမှုထမ်းကို အမေရိကန်စစ်တပ်ရှာတွေ့ပြီ

အီရန်လက်ချက်ကြောင့် ပျက်ကျသွားတဲ့ F -15 တိုက်လေယာဉ်ရဲ့ လေယာဉ် အမှုထမ်းကို ပြန်လည်ရှာတွေ့ပြီလို့ သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာ ရေးသားအသိပေးလိုက်ပါတယ်။

ဧပြီ – ၅ ၊၂၀၂၆

အီရန်လက်ချက်ကြောင့် ပျက်ကျသွားတဲ့ F -15 တိုက်လေယာဉ်ရဲ့ လေယာဉ် အမှုထမ်းကို ပြန်လည်ရှာတွေ့ပြီလို့ သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာ ရေးသားအသိပေးလိုက်ပါတယ်။

ဧပြီလ ၃ ရက်က အီရန်နိုင်ငံတောင်ပိုင်းမှာ အမေရိကန်ရဲ့ F – 15 တိုက်လေယာဉ်ဟာ အီရန်လက်ချက်မိပြီး ပျက်ကျခဲ့တာပါ။

F -15 မှာလေယာဉ်အမှုထမ်း နှစ်ဦး ပါဝင်ပြီးတစ်ဦးက လေယာဉ်မောင်းသူ ဖြစ်ကာ ကျန်တစ်ဦးက လက်နက်စနစ်အရာရှိဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ချခံရပြီးနောက် နှစ်ဦးလုံး လေထီးနဲ့ဆင်းသက်နိုင်ခဲ့ပေမယ့် လေယာဉ် မောင်းသူကို ရှာတွေ့ခဲ့ပြီး ကျန်တစ်ဦးကိုတော့ အမေရိကန် လေတပ်က အပူတပြင်းရှာဖွေ့ခဲ့ပါတယ်။

အီရန်စစ်တပ်ကလည်း အမေရိကန်လေယာဉ်အမှုထမ်းကို ရှာတွေ့ရင် အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော် ဆုကြေးပေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး နှစ်ဖက်လုံးက အသည်းအသန် ရှာဖွေခဲ့ကြတာပါ။

အဲဒီနောက် မနေ့ (ဧပြီ၄ ရက် ) မှာတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်အမှုထမ်း ဗိုလ်မှုးကြီးအဆင့်ရှိသူကို ကယ်ဆယ်ရှာဖွေရေးအဖွဲ့က ရှာတွေ့ခဲ့ပြီလို့ အမေရိကန်သမ္မတ ထရမ့်က သူတည်ထောင်ထားတဲ့ Truth လူမှုကွန်ရက်မှာ ရေးသားအသိပေးပါတယ်။

အဲဒီလေယာဉ်အမှုထမ်း ဘေးကင်းလုံခြုံသွားပြီလို့လည်း ထရမ့်ကဆိုထားပါတယ်။

အမေရိကန်လေတပ် F 15 တိုက်လေယာဉ်တစ်စီးကိုတွေ့ရပုံ ( ပုံဟောင်း)
ကိုးကား – The Guardian ၊ ဓာတ်ပုံ – U.S Airforce

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။