Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ မြေတိမ်ငလျင်တစ်ခု လှုပ်ခတ်ပြီး ထိခိုက်ပျက်စီး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်

အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တဲ့ မြေတိမ်ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး၊ ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တဲ့ မြေတိမ်ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး၊ ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၉ ရက် မနက်အစောပိုင်းက ပြင်းအား မဂ္ဂနီကျု ၄.၉ အဆင့် ငလျင်တစ်ခုက နိုင်ငံအရှေ့ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဟာ အရှေ့ နူဆာ တန်ဂါရာ ပြည်နယ်ထဲက မော်မာရာမြို့ရဲ့ အရှေ့ဖက် ကီလိုမီတာ ၁၀၀ လောက် အကွာကို ဦးတည်ခဲ့တာပါ။

ငလျင်ရဲ့ ပြင်းအားက အရမ်းမများပေမယ့် မြေအနက် ၁၀ ကီလိုမီတာလောက် မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တာကြောင့် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ သိသာခဲ့တာပါ။ မြေတိမ်ငလျင်တွေရဲ့ သက်ရောက်မှုဟာ မြေပြင်အထက်မှာ ပိုပြီး သိသိသာသာ ခံစားကြရလေ့ ရှိပါတယ်။

အဒိုနာရာ ကျွန်းပေါ်မှာရှိတဲ့ ရွာငယ်နှစ်ခုကတော့ ငလျင်ဒဏ်ကို အသိသာဆုံး ခံစားခဲ့ရပြီး အိမ်ခြေ ၁၀၀ ကျော် ပျက်စီးမှုတွေ ဖြစ်ခဲ့သလို လူပေါင်း ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ရဲ့ သက်ရောက်မှုဟာ ဝေးလံသီခေါင်တဲ့ ဧရိယာတချို့ကိုပါ ထိခိုက်စေခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရ စာရင်းတွေ တိုးလာနိုင်သေးတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး မီးတောင်ပေါက်ကွဲမှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ မစိမ်းတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက မဂ္ဂနီကျု ၉.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေပါ ရိုက်ခတ်ခဲ့တာကြောင့် အင်ဒိုနီးရှား အနောက်ဖက်ခြမ်းမှာ လူပေါင်း ၁၇၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

မြေတိမ် ငလျင်တွေလှုပ်ခတ်တဲ့အခါ ငလျင်လှိုင်းတွေဟာ တိုတောင်းတဲ့ အကွာအဝေးနဲ့တင် မြေမျက်နှာပြင်ပေါ် ခပ်မြန်မြန် ရောက်ရှိလာနိုင်တာကြောင့် မြေပြင်အထက်မှာ ပိုပြီး အဖျက်စွမ်းအားများများနဲ့ သက်ရောက်လေ့ ရှိပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။