Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-လက်ဘနွန် အပစ်ရပ် သဘောတူညီမှုကို ထရမ့်ကြေညာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အမေရိကန် စံတော်ချိန် ညနေ ၅း၀၀ နာရီကစပြီး အပစ်ရပ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ညှိနှိုင်း လက်ခံခဲ့ကြောင်း ထရမ့်က ဧပြီ ၁၆ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာပေါ် ရေးသားခဲ့ပါတယ်။ ထရမ့်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နေ့စွဲမပါခဲ့ပေမယ့် အမည်ဖော်မပြတဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ အပစ်ရပ် သဘောတူညီမှုဟာ အဲဒီနေ့မှာပဲ အစပြုတဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။

အစ္စရေးဟာ အမေရိကန်နဲ့ အီရန်ကြားက အပစ်ရပ် သဘောတူညီမှုအရ အီရန်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့လည်း အဲဒီ အပစ်ရပ် သဘောတူညီမှုဟာ လက်ဘနွန်မှာတော့ အကျုံးမဝင်ဘူးလို့ အစ္စရေး အစိုးရက ကြေညာပြီး စစ်ပွဲကို ဆက်နွှဲနေခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ လက်ဘနွန် အခြေစိုက် အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေနဲ့ စစ်ခင်းနေတာဖြစ်ပြီး လက်ဘနွန် နိုင်ငံကတော့ စစ်ပွဲထဲ ဆွဲသွင်းခံရတဲ့ အခြေအနေ ဖြစ်ခဲ့သလို အရပ်သား အများအပြား သေကြေပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ လက်ဘနွန် သမ္မတ ဂျိုးဆက် အွမ်းတို့နဲ့ အကောင်းဆုံး ဆွေးနွေး ပြောဆိုဖြစ်ခဲ့တယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ကနဦး ဖော်ပြခဲ့ပါတယ်။ နောက်ထပ် ပို့စ်တစ်ခုမှာတော့ နှစ်ဖက် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ နိုင်ငံတွေကြား ငြိမ်းချမ်းရေး ရယူဖို့ သဘောတူခဲ့ကြပြီး ၁၀ ရက်ကြာ အပစ်ရပ် သဘောတူညီမှုကို ညနေ ၅း၀၀ နာရီမှာ စတင်မှာဖြစ်ကြောင်း ထရမ့်က ရေးသားထားပါတယ်။

သူက အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ အထမြောက်လာစေဖို့ နေတန်ညာဟုနဲ့ အွမ်းကို အိမ်ဖြူတော်ဆီ ဖိတ်ကြားလိုတယ်လို့လည်း အတည်ပြုထားပါတယ်။

ထရမ့်က လက်ဘနွန် တောင်ပိုင်းမှာ အခြေပြု လှုပ်ရှားနေတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့အနေနဲ့လည်း အစ္စရေးနဲ့ ရယူထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လေးစားလိုက်နာဖို့ သတိပေးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေ အနေနဲ့ အခုလို သိပ်အရေးကြီးတဲ့ ကာလတစ်ခုမှာ လိမ်လိမ်မာမာ နေကြဖို့ သူမျှော်လင့်တယ်လို့ ထရမ့်က ဆိုပါတယ်။

အဲဒီလို အနေအထိုင် ပါးနပ်မယ်ဆိုရင် ဟစ်ဇ်ဘိုလာတွေ အတွက်လည်း ကောင်းမွန်တဲ့ အခိုက်အတန် ဖြစ်လာနိုင်ကြောင်း၊ သတ်ဖြတ်မှုတွေ ထပ်မရှိတော့ဘဲ နောက်ဆုံးမှာ ငြိမ်းချမ်းရေးကို ရယူနိုင်မှာ ဖြစ်ကြောင်းလည်း ထရမ့်က Truthမှာ ရေးသားထားခဲ့ပါတယ်။

အခု အပစ်အခတ် ရပ်စဲမှုဟာ နှစ်နိုင်ငံ အစိုးရတွေကြား ညှိနှိုင်း သဘောတူညီမှုဖြစ်ပြီး ဟစ်ဇ်ဘိုလာနဲ့ တိုက်ရိုက် အကျုံးမဝင်ပါဘူး။

အစ္စရေး အရာရှိ တစ်ဦးကတော့ ဟစ်ဇ်ဘိုလာတွေဆီက တိုက်ရိုက် ခြိမ်းခြောက်မှု ရှိမလာမချင်း အစ္စရေးဟာ အပစ်ရပ် ကာလအတွင်း တိုက်ခိုက်မှုတွေ အားလုံး ရပ်စဲထားမယ်လို့ ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကတော့ အပစ်ရပ် သဘောတူညီမှုကို ကြိုဆိုခဲ့ပေမယ့် စစ်မှန် ရှည်ကြာတဲ့ ငြိမ်းချမ်းရေးမျိုးကို အာမခံနိုင်ဖို့ဆိုရင် ဟစ်ဇ်ဘိုလာတွေကို လက်နက် ဖြုတ်သိမ်းဖို့လိုကြောင်း သတိပေးထားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters, Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။