Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ပိတ်ဆို့မှုတွေ ဆက်ရှိနေရင် ဟောမုဇ်လည်း ပြန်ပိတ်သွားနိုင်ကြောင်း အီရန် သတိပေး

အမေရိကန်ကသာ အီရန် ဆိပ်ကမ်းတွေကို ဆက်လက် ပိတ်ဆို့ထားမယ်ဆိုရင် အီရန်ကလည်း ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖွယ်ရှိကြောင်း အီရန် လွှတ်တော် ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်ကသာ အီရန် ဆိပ်ကမ်းတွေကို ဆက်လက် ပိတ်ဆို့ထားမယ်ဆိုရင် အီရန်ကလည်း ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖွယ်ရှိကြောင်း အီရန် လွှတ်တော် ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ဖြစ်ခဲ့တဲ့ ကာလအတွင်း အီရန်ဟာ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ တည်ရှိပြီး ကမ္ဘာ့ရေနံတင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ထားခဲ့ရာက ဧပြီ ၁၇ ရက်နေ့မှာတော့ အပြည့်အဝ ပြန်ဖွင့်ပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ အမေရိကန်ဟာ အီရန် ဆိပ်ကမ်းတွေဆီကနေ ပြန်လည် ထွက်ခွာလာတဲ့ ရေယာဉ်တွေကို ဟောမုဇ် ရေလက်ကြား အလွန်မှာ ရေတပ်အင်အား အသုံးပြု ပိတ်ဆို့တာတွေကို ဖယ်ရှားပေးမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခု မရမချင်း အမေရိကန်ရဲ့ အဲဒီ ပိတ်ဆို့မှုတွေ ဆက်ရှိနေနိုင်ကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ ရက်မှာတော့ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေသာ ဆက်ရှိနေရင် ဟောမုဇ် ရေလက်ကြားကလည်း ဆက်ပြီး ပွင့်နေမှာ မဟုတ်ဘူးလို့ လူမှုကွန်ရက် မီဒီယာ Xကနေ သတိပေး ရေးသားခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံမှာ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွင်း အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့သူ ဂါလီဘက်ဖ်က ထရမ့်ကိုလည်း မုသားတွေချည်း ပြောဆိုနေသူ တစ်ဦးအဖြစ် ထိုးနှက် ဝေဖန်သွားခဲ့ပါတယ်။

တစ်နာရီအတွင်း ထရမ့်က ပြောဆိုခဲ့တဲ့ ကိစ္စပေါင်း ၇ ခု ရှိခဲ့ရာမှာ တစ်ခုမှ မမှန်ခဲ့ကြောင်း၊ ၇ ခုစလုံးက မုသားတွေချည်း ဖြစ်ကြောင်း၊ အမေရိကန်ဟာ စစ်ပွဲကို အနိုင်မရခဲ့ကြောင်း၊ အဲဒီလို အလိမ်အညာ စကားမျိုးတွေနဲ့ဆိုရင် ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဘယ်လို ရလဒ်ကောင်းနဲ့မှ နီးစပ်လာစေမှာ မဟုတ်ကြောင်း သူက ရေးသားထားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြား ပိတ်သည်ဖြစ်စေ၊ ဖွင့်သည်ဖြစ်စေ အဲဒီ ရေလမ်းကြောင်းအပေါ် လက်တွေ့ ကြီးကြပ် ကွပ်ကဲမှုတွေဟာ မြေပြင် အခြေအနေတွေမှန်တွေ အပေါ်မှာပဲ မူတည်ပြီး လူမှုကွန်ရက်ပေါ်က စကားလုံးတွေနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့လည်း ဂါလီဘက်ဖ်က ဆိုပါတယ်။

ဧပြီ ၁၇ ရက်နေ့မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဆာယက်ဒ် အဘက်စ် အာရက်ချီက အီရန်-အမေရိကန် အပစ်ရပ် သဘောတူညီမှု ကာလတလျှောက် ဟောမုဇ်ကို အပြည့်အဝ ပြန်ဖွင့်ပေးထားမယ်လို့ ကြေညာခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်တို့ဟာ လောလောဆယ် သီတင်းနှစ်ပတ် အပစ်ရပ်ထားပြီး အဲဒီကာလဟာ ဧပြီ ၂၂ ရက်နေ့ထိ သက်တမ်းကျန်နေဆဲပါ။ ထရမ့်က အီရန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပေမယ့် အမေရိကန် ရေတပ် ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေမယ့်အကြောင်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthကနေ အသိပေးခဲ့ပါတယ်။

ခေတ်သစ် စစ်ပွဲတွေမှာ မီဒီယာ သုံးပြီး ဝါဒဖြန့်မှုတွေ၊ လူထုရဲ့ အယူအဆကို ပုံဖော်ပြောင်းလဲမှုတွေ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပေမယ့် အဲဒီ နည်းလမ်းတွေနဲ့ အီရန်ကိုတော့ လွှမ်းမိုးခြယ်လှယ်လို့ မရနိုင်ကြောင်း ဂါလီဘက်ဖ်က Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ အီရန်တို့ကြား အရမ်းကို အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ နိုင်ငံနားက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ အီရန်စစ်တပ်ရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်တွေက အရပ်ဖက် ကုန်စည်နဲ့ ရေနံတင်တဲ့ သင်္ဘော အနည်းဆုံး နှစ်စီးကို ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Facebook