Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဆပ်ကပ်တစ်ခုမှာ လွတ်သွားတဲ့ကျားက ပရိသတ်တွေထဲ ရောက်သွားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေ

ရုရှားနိုင်ငံက ဆပ်ကပ်တစ်ခုမှာ ကျားတစ်ကောင် လွတ်မြောက်လာပြီး လူအုပ်ထဲ ခုန်ဝင်ခဲ့တဲ့ ဖြစ်ရပ်ကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

ရုရှားနိုင်ငံက ဆပ်ကပ်တစ်ခုမှာ ကျားတစ်ကောင် လွတ်မြောက်လာပြီး လူအုပ်ထဲ ခုန်ဝင်ခဲ့တဲ့ ဖြစ်ရပ်ကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

အဲဒီ ရင်ထိတ်စရာ ဖြစ်ရပ်ဟာ ရော့စတော့ဗ်အွန်ဒွန်မှာ ဧပြီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဆပ်ကပ် စင်မြင့်မှာ ကျားတွေကို ပရိသတ်တွေနဲ့ ခြားထားတဲ့ လုံခြုံရေး ပိုက်ကွန်က ပြဿနာ တစ်ခုခုကြောင့် ရုတ်တရက် ပြုတ်ကျသွားရာက ကျားကြီးတစ်ကောင်ဟာ ခုန်ထွက်ပြီး လွတ်မြောက်သွားတာ ဖြစ်ပါတယ်။

ကျားက ပရိသတ်တွေဖက် ခုန်ထွက်သွားတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ပျံ့နှံ့ပြီး လူပြောများခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ ကျားတွေဟာ စက်ဝိုင်းပုံ စင်မြင့်ပေါ်မှာ သူတို့ကို လေ့ကျင့်ကိုင်တွယ်ပေးထားတဲ့ အမျိုးသမီးနဲ့အတူ ရှိနေခဲ့တာကို တွေ့ရပါတယ်။ ပိုက်ကွန်က ပြုတ်ကျသွားပြီး ပြန်ဆွဲမတင်နိုင်ခင် စက္ကန့်ပိုင်းလေးမှာ ကျားတစ်ကောင်က အပြင်ကို ခုန်ထွက်သွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကျားကြီး ခုန်ဝင်လာတဲ့အချိန် လူတွေကြားထဲက အထိတ်တလန့် အော်ဟစ်ကြတဲ့ အသံတွေကိုလည်း ဗီဒီယိုထဲမှာ ကြားနေခဲ့ရပါတယ်။

နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ အဲဒီကျားကို ဆပ်ကပ်ဝန်ထမ်း တစ်ဦးက ထွက်ပေါက်ဖက် လမ်းညွှန်ခေါ်ဆောင်သွားဖို့ ကြိုးစားနေခဲ့ပြီး ကလေးတွေ အပါအဝင် ပရိသတ်တွေက စိုးရိမ်တကြီး စောင့်ကြည့်နေတာကို တွေ့ခဲ့ရပါတယ်။

ပြီးတော့ အသံချဲ့စက်ကလည်း ပရိသတ်တွေ အနေနဲ့ စိတ်ငြိမ်ငြိမ်ထားပြီး အခြေအနေ ဆိုးမသွားအောင် ကူညီကြဖို့ တိုက်တွန်းနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆပ်ကပ် ဝန်ထမ်းတွေဟာ ကျားကို ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုဆီ အောင်အောင်မြင်မြင် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ပါဘူး။

ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီကတော့ ဒီကိစ္စဟာ လုံခြုံရေး စည်းတွေ ဆိုးဆိုးရွားရွား ကျိုးပေါက်မှု ဖြစ်ခဲ့တာကြောင့် ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ကိုးကား: Moscow Times

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။