Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သံတမန်အဖွဲ့ စေလွှတ်မယ့် အစီအစဉ် ထရမ့်ဖျက်သိမ်း

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိစ္စ ပါကစ္စတန် နိုင်ငံဆီ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ဖျက်လိုက်ပါတယ်။

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိစ္စ ပါကစ္စတန် နိုင်ငံဆီ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ဖျက်လိုက်ပါတယ်။

အစောပိုင်းတုန်းက အမေရိကန် အစိုးရဟာ ပါကစ္စတန်မှာ အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အထူးကိုယ်စားလှယ် နှစ်ဦးကို စေလွှတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ဖက်ကတော့ နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ပါကစ္စတန် အစိုးရ အရာရှိတွေနဲ့သာ တွေ့ဆုံပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ ဆွေးနွေးမယ့် အစီအစဉ် မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အာရက်ချီနဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့ဟာ အမေရိကန်နဲ့ စစ်ရပ်စဲရေး ကိစ္စအတွက် အီရန်ဖက်က အဆိုပြုချက်တွေကို ပါကစ္စတန် အစိုးရဆီ ပေးအပ်ပြီးတဲ့နောက် အစ္စလာမ်မာဘတ် မြို့တော်ဆီကနေ ပြန်လည် ထွက်ခွာသွားပါတယ်။ အဲဒီနောက် ထရမ့်ကလည်း အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ပါကစ္စတန်ဆီ စေလွှတ်တော့မှာ မဟုတ်ကြောင်း ဧပြီ ၂၅ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ သူ့ရဲ့သမက် ဂျရတ်ကူရှ်နာတို့တွေ ပါကစ္စတန်ဆီ သွားရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းစေခဲ့ကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ အီရန် ခေါင်းဆောင်ပိုင်းထဲမှာ သဘောထားကွဲပြီး ရှုပ်ထွေးမှုတွေ အများကြီး ရှိနေပြီး သေသေချာချာ ဘာမှ အဖြေပေါ်မလာသေးတဲ့အတွက် ခရီးစဉ် ဖျက်သိမ်းစေခဲ့ကြေင်းလည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခရီးစဉ်ကို သွားရောက်စေခဲ့မယ် ဆိုရင်လည်း အများကြီး အချိန်ဖြုန်းတဲ့ သဘောသာ ဖြစ်နိုင်ပြီး လုပ်စရာတွေ အများကြီး ကျန်နေသေးကြောင်း၊ အီရန် အစိုးရ အဖွဲ့ထဲမှာ ရှုပ်ထွေးမှုတွေ၊ အာဏာလွန်ဆွဲမှုတွေ ဖြစ်နေပြီး သူတို့ကိုယ်တိုင်တောင် ဘယ်သူက ခေါင်းဆောင် အစစ်လဲဆိုတာ သိကြပုံ မရကြောင်း၊ အမေရိကန်ကတော့ နိုင်ဖဲအားလုံးကို ကိုင်ထားဆဲဖြစ်ပြီး အီရန်မှာ ဘာမှ မရှိကြောင်း၊ အီရန်အနေနဲ့ အမှန်တကယ် ဆွေးနွေးချင်တယ်ဆိုရင် လုပ်ရမှာက အမေရိကန်ကို ဆက်သွယ်ဖို့ တစ်ခုတည်းရှိကြောင်း ထရမ့်က ရေးသားခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ပါကစ္စတန်ဆီ မသွားရောက်ဖြစ်တော့ဘူး ဆိုတာဟာ အီရန်စစ်ပွဲ ရပ်စဲရေး မျှော်လင့်ချက်တွေကို ထိခိုက်စေပြီး တိုက်ပွဲတွေ ပြန်လည် စတင်လာမယ့်အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အစောပိုင်းမှာတော့ အီရန်နဲ့ အမေရိကန်ကြား နှစ်ပတ်ကြာ အပစ်ရပ် သဘောတူညီမှု သက်တမ်းကုန်ဆုံးသွားခဲ့ပေမယ့် အီရန်ဖက်က အဆိုပြုချက်တွေ အပြီးသတ် ညှိနှိုင်းနိုင်တဲ့အထိ အဲဒီကာလကို သက်တမ်း ထပ်တိုးပေးမယ်လို့ ထရမ့်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်ကလည်း အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။ မေလ ၇ ရက်နေ့ဟာ အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့ပါ့မလား ဆိုတာကို အကဲစမ်းတဲ့ တစ်နေ့တာ ဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးကတော့ သဘောတူညီချက်ကို...

နိုင်ငံတကာ

အမေရိကန် ရေတပ် ပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် တိုက်လေယာဉ် တစ်စီးက ပစ်ခတ် တားဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက စစ်ရပ်စဲရေး ငြိမ်းချမ်းရေး အဆိုပြုချက်ကို စဉ်းစားနေကြောင်း အီရန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အီရန်က လေ့ကျင့်ပေးထားတဲ့ အသေခံဗုံးခွဲ လင်းပိုင်တွေ အသုံးပြုပြီး အမေရိကန်ကို တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်း သတင်းတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပယ်ချသွားခဲ့ပါတယ်။