Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ရုရှားက တိုက်ခိုက်တဲ့ ဒရုန်းအရေအတွက် လအလိုက် စံချိန်သစ်တင်

ဧပြီလထဲမှာ ရုရှားဟာ ယူကရိန်းကို တစ်လစာ စံချိန်တင် အရေအတွက်မျိုး ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - State Emergency Service of Ukraine

ဧပြီလထဲမှာ ရုရှားဟာ ယူကရိန်းကို တစ်လစာ စံချိန်တင် အရေအတွက်မျိုး ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို တာဝန်ယူရတဲ့ ယူကရိန်း လေတပ်ဆီက ထုတ်ပြန်ချက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ဆန်းစစ်လေ့လာခဲ့တဲ့ တွေ့ရှိမှုမှာတော့ ရုရှားဟာ တစ်လတည်းမှာတင် ဒရုန်းပေါင်း ၆၅၈၃ စီးထိ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တာဝေးပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို အသုံးပြုပြီး ယူကရိန်းနိုင်ငံရဲ့ မြို့ကြီးတွေကို ဖြန့်ကျက်တိုက်ခိုက်တဲ့ ဗျူဟာကို ပိုမို အားကိုးလာပါတယ်။ ယူကရိန်းကတော့ အဲဒီ နည်းလမ်းဟာ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အရပ်သား သေကြေမှုတွေကို ပိုမိုများပြားစေကြောင်း စွပ်စွဲ ရှုတ်ချထားပါတယ်။

အရင်က တစ်လစာ ရုရှားရဲ့ ဒရုန်းအသုံးပြုမှု အရေအတွက် အများဆုံးအဖြစ် မတ်လက စံချိန်တင်ထားပြီး ဧပြီလမှာ အသုံးပြုတဲ့ ကိန်းဂဏန်းကတော့ မတ်လထက် ၂ ရာခိုင်နှုန်း ပိုများပြီး စံချိန်သစ် ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း လေတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဧပြီလထဲမှာ ရုရှား ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကျည် အားလုံးရဲ့ ၈၈ ရာခိုင်နှုန်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယူကရိန်းဟာ ၄ နှစ်ကြာ စစ်ပွဲကာလကနေ စုဆောင်းရရှိလာတဲ့ အတွေ့အကြုံနဲ့ နည်းပညာတွေကြောင့် ကမ္ဘာပေါ်မှာ အရည်အသွေး အမြင့်ဆုံး ဒရုန်းကာကွယ်ရေး စွမ်းရည်ကို ပိုင်ဆိုင်နေပြီလို့ ကြွေးကြော်ထားပါတယ်။

အီရန်နဲ့ အမေရိကန် စစ်ပွဲကာလမှာလည်း အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေဟာ အီရန်ရဲ့ တာဝေးပျံသန်းလာတဲ့ ဒရုန်းတွေကို တားဆီးနိုင်ဖို့အတွက် ယူကရိန်းဆီက ပညာရှင်တွေကို အကူအညီ ခေါ်ယူခဲ့ရပါတယ်။

ပုံမှန်ဆိုရင် ရုရှားဟာ ယူကရိန်းမြို့တွေဆီ ဒရုန်းနဲ့ ဒုံးကျည်တွေကို တွဲဖက်ပစ်ခတ်တဲ့ တာဝေးတိုက်ခိုက်မှုတွေကို ညပိုင်းမှ လုပ်ဆောင်လေ့ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် တချို့ကစလို့ နေ့ပိုင်းအချိန်တွေမှာပါ အဲဒီလို တိုက်ခိုက်မှုတွေကို ပိုမို ချဲ့ထွင်လာနေကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မကြာခင် လပိုင်းအတွင်း ရုရှားဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုခုကို တိုက်ခိုက်လာနိုင်တယ်လို့ ဒိန်းမတ် ထောက်လှမ်းရေးက သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

Facebook