Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားနားမှာ သင်္ဘောပေါ် ပေါက်ကွဲ မီးလောင်ခဲ့မှုကို စုံစမ်းမယ်လို့ တောင်ကိုရီးယားပြော

ဟောမုဇ် ရေလက်ကြားနားမှာ တောင်ကိုရီးယား ရေယာဉ်တစ်စီးပေါ်မှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ တောင်ကိုရီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဟောမုဇ် ရေလက်ကြားနားမှာ တောင်ကိုရီးယား ရေယာဉ်တစ်စီးပေါ်မှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ တောင်ကိုရီးယား အစိုးရက ကြေညာခဲ့ပါတယ်။

မေလ ၄ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ကမ်းလွန်ရေပြင်နားမှာ တောင်ကိုရီးယားက ပိုင်ဆိုင်ပြီး ပနားမားအလံ လွှင့်ထားတဲ့ ကုန်တင်သင်္ဘောမှာ ပေါက်ကွဲမှု၊ မီးလောင်မှုတွေ ဖြစ်ခဲ့တာလို့ တောင်ကိုရီးယား သင်္ဘော ကုမ္ပဏီ HMMက ဆိုပါတယ်။

မေလ ၅ ရက်နေ့မှာတော့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီရေယာဉ်ကို ဆွဲယူရွှေ့ပြောင်းပြီးတဲ့ အချိန်ကျရင် ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို တိတိကျကျ စုံစမ်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီရေယာဉ်ဟာ ကုန်စည်တွေ တင်ဆောင်ထားခြင်း မရှိဘဲ ကျောက်ချရပ်နားထားခဲ့တာပါ။ သင်္ဘောပေါ်က ပေါက်ကွဲမှုမှာ လူတွေ ထိခိုက်သေဆုံးမှု မရှိခဲ့သလို မီးကိုလည်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၄ ရက်နေ့ဟာ ဟောမုဇ် ရေလက်ကြားတဝိုက်မှာ အီရန်နဲ့ အမေရိကန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပြီး လက်ရှိ အပစ်ရပ်ကာလ အတောအတွင်း ယူအေအီးကို အီရန်က ဒုံးကျည်တွေနဲ့ ပထမဆုံးအကြိမ် ပြန်လည် တိုက်ခိုက်ခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။ တောင်ကိုရီးယား ရေယာဉ်ဟာလည်း အီရန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တောင်ကိုရီးယား အစိုးရကတော့ အဲဒီလို တပ်အပ် စွပ်စွဲတာမျိုး မရှိသေးပါဘူး။

HMMရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရေယာဉ်ဟာ တန်ချိန် ၃၅၀၀၀ လေးလံပြီး အမှုထမ်း ၂၄ ဦး အလုပ်လုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ သင်္ဘောရဲ့ အင်ဂျင်ခန်းထဲ မီးလောင်ခဲ့တာဖြစ်ပြီး လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ မီးငြိမ်းသွားပြီ ဆိုတာကို အတည်ပြုနိုင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ တောင်ကိုရီးယား ရေယာဉ် မီးလောင်မှုဟာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့်လို့ တပ်အပ် စွပ်စွဲခဲ့ပါတယ်။ အီရန်ရဲ့ လက်နက်တပ်ဆင်ထားတဲ့ လှေငယ်တွေဟာ ဟောမုဇ်တဝိုက်မှာရှိတဲ့ ရေယာဉ်တွေကို မေလ ၄ ရက်နေ့မှာ ပစ်ခတ်ခဲ့တယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ သမ္မတရုံးတွေက လောလောလတ်လတ် တုံ့ပြန်ထားတာမျိုး မရှိသေးပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။