Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့် နိုင်ငံခြားသားတွေ ဖမ်းမိပြီးတဲ့နောက် ဗီဇာစည်းမျဉ်းတွေ တင်းကျပ်ဖို့ အင်ဒိုနီးရှား စီစဉ်

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျကာတာနဲ့ ဘက်တမ် မြို့တွေမှာ အာဏာပိုင်တွေက စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ကျားဖြန့် ဝန်ထမ်းပေါင်း ၅၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ပါတယ်။ နိုင်ငံခြားသား အများစုဟာ အင်ဒိုနီးရှားရဲ့ ဗီဇာ စည်းမျဉ်းတွေ လျှော့ပေါ့ပေးထားတာကို အခွင့်ကောင်းယူပြီး ပြည်တွင်းမှာ တရားမဝင် လောင်းကစားမှုနဲ့ လိမ်လည်မှုတွေ ကျူးလွန်နေတယ်လို့ အင်ဒိုနီးရှား လူဝင်မှု ကြီးကြပ်ရေးဌာန ထိပ်တန်း အရာရှိ တစ်ဦးက မေလ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က နေရာနှစ်ခုမှာ ဖမ်းမိခဲ့တဲ့ ကျားဖြန့်ဝန်ထမ်းတွေထဲမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ လာအိုနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်ခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံသားတွေအတွက် ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့် ပေးထားတာကို အဲဒီ နိုင်ငံခြားသားတွေက အခွင့်အရေး ယူခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဟန်ဒါဆမ် မာရန်တိုကိုက ပြောပါတယ်။

ဗီဇာစည်းမျဉ်းတွေ လျှော့ပေါ့ပေးထားတာကို အခွင့်ကောင်းယူပြီး ပြည်တွင်းကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေက အခုလို ရာဇဝတ် လုပ်ငန်းတွေ ကျူးလွန်နေတယ် ဆိုတာဟာ တကယ့်ကို စိုးရိမ်စရာ ဖြစ်ကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံတွေရဲ့ နိုင်ငံသားတွေပါ အင်ဒိုနီးရှားမှာ တရားမဝင် လုပ်ရပ်တွေနဲ့ ဆက်နွှယ်နေတယ် ဆိုတာကိုကြည့်ရင် မူဝါဒပိုင်း ပြန်သုံးသပ်ဖို့ လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြနေကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အပတ်က ဖမ်းမိခဲ့တဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်တွေလည်း ပါဝင်ခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေကိုတော့ အင်ဒိုနီးရှားက ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ဖို့ ခွင့်ပြုပေးထားတာမျိုး မရှိပါဘူး။

လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနဟာ လပိုင်းအတွင်း နိုင်ငံခြားသား ၂၀၀၀ ကျော်ကို နယ်နှင်တာ၊ နေထိုင်ခွင့်ဗီဇာ ဖျက်သိမ်းတာတွေ အပါအဝင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အရေးယူမှုပေါင်း ၆၇၀၀ လောက်ကို လုပ်ဆောင်ခဲ့ကြောင်းလည်း ဟန်ဒါဆမ်က ပြောကြားခဲ့ပါတယ်။

တခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းဟာလည်း ဒုစရိုက်သမားတွေက ကမ္ဘာလှည့် ခရီးသွားအဖြစ် ဟန်ဆောင်ပြီး ပြည်တွင်း ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် မူဝါဒရေးရာ သုံးသပ်ချက်တွေ ပြန်လည် လုပ်ဆောင်နေပါတယ်။ ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် ပြုထားတဲ့ နိုင်ငံ ၉၃ ခုရဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် ခွင့်ပြုဗီဇာ ကာလကို ရက် ၃၀ ထိ လျှော့ချတာမျိုး တုံ့ပြန်စီမံမှုတွေ ရှိလာနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ခ် ဖုန်ကက်ကောင်က မေလ ၁၃ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။

ဗီဇာ လျှော့ပေါ့မှုတွေကို ပြန်တင်းကျပ်ရာမှာ သီးခြား ပစ်မှတ်ထားမယ့် နိုင်ငံတွေတော့ မရှိကြောင်း၊ ဒါပေမဲ့ ဘယ်နိုင်ငံခြားသားတွေက ထိုင်းအတွက် ပြဿနာတွေ အများဆုံး ဖန်တီးနေသလဲ ဆိုတာကိုတော့ သေချာ ဆန်းစစ်သွားမှာဖြစ်ကြောင်း သူက ပြောဆိုသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။