Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ တောင်ပိုင်းမှာ အပူလျှပ်လို့ ၁၆ ဦးထက်မနည်း သေဆုံးခဲ့

အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ အခုနှစ် နွေရာသီအတွင်း အပူလျှပ်လို့ သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ - Reuters

အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ အခုနှစ် နွေရာသီအတွင်း အပူလျှပ်လို့ သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အပူလှိုင်း ဖြတ်မှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို သတိထားကြဖို့ အာဏာပိုင်တွေက နှိုးဆော်ထားချိန်မှာပဲ မေလ ၂၄ ရက်နေ့မှာ အခုထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အာရှတောင်ပိုင်းမှာရှိတဲ့ အိန္ဒိယ နိုင်ငံဟာ နွေရာသီ ကာလတွေရောက်တိုင်း ပြင်းထန်တဲ့ အပူဒဏ်နဲ့ မစိမ်းလှတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးသားပါ။ ဒါပေမဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့အတူ အပူလှိုင်းတွေဟာ ပိုပြီး အချိန်ကြာလာ၊ ပိုပြီး ပြင်းထန်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။

လူဦးရေ ၁.၄ ဘီလီယံလောက် နေထိုင်ပြီး ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးဖြစ်တဲ့ နိုင်ငံကြီးရဲ့ မြို့ကြီးတချို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပျမ်းမျှ နေ့အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်မှာ ပုံသေ ဖြစ်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ တောင်ပိုင်းက တီလန်ဂါနာ ပြည်နယ်မှာတော့ အပူလျှပ်လို့ သေဆုံးသူဟာ မေလ ၂၄ ရက်နေ့မှာ ၁၆ ဦးထိ မြင့်တက်လာခဲ့ပြီး ပြည်နယ် အစိုးရ အဖွဲ့က သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ ပြည်သူ့ကျန်းမာရေး လုံခြုံမှုအတွက် ပိုပြီး နိုးနိုးကြားကြား ကိုင်တွယ်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေသတွင်း အပူချိန်ဟာ မကြုံစဖူး အဆင့်မျိုးထိ ရောက်ရှိလာနေပြီး လူထုအတွက် သတိပေး နှိုးဆော်မှုတွေ၊ ပညာပေးမှုတွေ ပိုမို လိုအပ်လာတယ်လို့ ပြည်နယ်ရဲ့ အကောက်ခွန်ဝန်ကြီး ပွန်ဂူလက်တီ ဆရီနီဗာဆာက ပြောကြားခဲ့ပါတယ်။

ကျန်းမာရေး ပညာရှင်တွေက အလွန်အကျွံ ပူပြင်းခြင်းဟာ ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်စေပြီး သွေးကို ပိုထူထပ် ပြစ်ခဲလာစေနိုင်ကြောင်း၊ အခြေအနေ ဆိုးရွားတဲ့ အဆင့်တွေမှာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်သွားစေနိုင်ကြောင်း ရှင်းပြထားပါတယ်။

တီလန်ဂါနာ ပြည်နယ် အုပ်ချုပ်ရေး အရာရှိတွေကတော့ ပြည်သူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အတတ်နိုင်ဆုံး နေ့အချိန်မှာ အိမ်အပြင် မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အိန္ဒိယရဲ့ မြို့တော် ဒေလီနဲ့ တခြားမြို့ကြီးတချို့ရဲ့ ပျမ်းမျှ နေ့အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ် အထက်မှာ ရှိနေခဲ့ပါတယ်။ အိန္ဒိယရဲ့ မြို့ကြီးတွေမှာ နေ့အပူချိန် မြင့်တဲ့အပြင် ညပိုင်းအပူချိန်ကလည်း သိသိသာသာ လျော့မသွားတာကြောင့် လူတွေ အတော်ကြီး သက်သာရာ မရနိုင်ဘဲ ဖြစ်နေကြပါတယ်။

အိန္ဒိယမှာ ကြုံဖူးတဲ့ အမြင့်ဆုံး စံချိန်တင် နေ့အပူချိန်ကတော့ ၂၀၁၆ တုန်းက ရာဂျက်စသန်မှာရှိတဲ့ ဖာလိုဒီမြို့မှာ တိုင်းတာရရှိခဲ့ပြီး ၅၁ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ပူပြင်းခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။