Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တွေကို ရုရှား လေကြောင်းကနေ တိုက်ခိုက်လို့ ၁၀ ဦးထက်မနည်း သေဆုံး

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ ညပိုင်းတုန်းက ယူကရိန်းရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထိမှန်ခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ကြုံဖူးသမျှ အလားတူ တိုက်ခိုက်မှု ပုံစံတွေထဲက အဆိုးဆုံးတစ်ခု ဖြစ်လာခဲ့တယ်လို့ ယူကရိန်း စစ်ဘက်က ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ ဒီနီပရိုမြို့မှာ ၆ ဦးနဲ့ ကိယက်ဗ်မှာ ၄ ဦး သေဆုံးစာရင်း ရထားပြီး တခြားမြို့တွေရဲ့ အခြေအနေကို စုံစမ်းနေဆဲပါ။ ဒါ့အပြင် ကလေးတွေ အပါအဝင် ဒဏ်ရာရသူတွေလည်း ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။

ကိယက်ဗ်မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပြိုကျနေတဲ့ အဆောက်အအုံတွေအောက် ပိတ်မိနေသူတွေကို အပူတပြင်း ဖြန့်ကျက် ရှာဖွေနေကြတာကို တွေ့ရပါတယ်။ ကိယက်ဗ်နဲ့ တခြားမြို့တွေမှာ ဇွန်လ ၁ ရက် ညပိုင်းကနေ ဇွန်လ ၂ ရက် မနက်အစောပိုင်းထိ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေလည်း မြည်ဟည်းနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှားထိန်းချုပ် နယ်မြေတစ်ခုထဲက ကျောင်းသား အဆောင်ကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲပြီး အဲဒီလုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကိယက်ဗ်မြို့ထဲမှာတော့ ဟိုတစ်ကွက်ဒီတစ်ကွက် မီးခိုးလုံးတွေ အူထွက်နေပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကို ညပိုင်းမှာ ကြားနေ မြင်နေခဲ့ရတယ်လို့ မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဆိုပါတယ်။ သူက ရန်သူဟာ ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ အနေနဲ့ ဗုံးခိုဘန်ကာတွေမှာ သွားရောက် ရှောင်တိမ်းနေကြဖို့ လူမှုကွန်ရက်ကနေ အရေးပေါ် ဆော်ဩခဲ့ပါတယ်။ ကလစ်ချ်ကိုက မြို့ထဲမှာ ရုရှားဒုံးကျည်နဲ့ ဒရုန်းတွေ ထိမှန်ပြီး ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိသူတွေ ရှိနေမှာကို စိုးရိမ်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာပဲ ရုရှားရဲ့ ခရက်စ်နိုဒါ ကရိုင်းဒေသထဲက အီလ်စကီ ရေနံချက် စက်ရုံမှာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် မီးလောင်မှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ရုရှား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ရုရှားဆီက ပမာဏ ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ထပ်မံ ကြုံလာနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဇွန်လ ၁ ရက်နေ့မှာ သတိပေးခဲ့ပြီးတဲ့နောက် အဲဒီညမှာပဲ မြို့တွေ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။