Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်ပြီးနောက် ရဲဘော်များ ဆုတ်ခွာလာစဥ်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ရက် ညနေ ၅နာရီခန့်က ဇီးကုန်းမြို့ရှိ အရက်ဆိုင်၌ အရက်သောက်နေသော ရဲတပ်ကြပ် ချင်းလေး(ခ)ခွါကြီး(ခ)ရန်ရှင်းခွါတို့အဖွဲ့အား တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရာ ရဲတပ်ကြပ်ကြီးရန်ရှင်းခွာဆိုသူ သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“ဇီးကုန်းမြို့လယ်ခေါင်မှာဖြစ်တာပါ။ တပ်ကြပ်ရန်ရှင်းခွါ ဗိုက်ပွင့်ထွက်ပြီးသေတယ်။”ဟု KBU-တောလေး ပကဖခရိုင်လှုပ်ရှားအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား KBU-တောလေး ပကဖခရိုင်လှုပ်ရှားအဖွဲ့နှင့် တော်လှန်ရေးညီ‌နောင်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်ကလည်း အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုနှင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၂၉ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၄လုံး ပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားနှင့် ပျူ ၄ဦး​သေဆုံးပြီး ​သေနက် ၃ လက်သိမ်းဆည်းရရှိ​ကြောင်းထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို - မြစ်ကြီးနားကားလမ်းပိုင်းရှိ ရေရှင်ကြီးကျေးရွာထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်းက ပြင်ဆင်နေပြီး အဆိုပါစစ်ကြောင်းသည် PDFဝတ်ဆုံဝတ်ထား၍ ကားလမ်းဘေးတလျှောက်ကျေးရွာများ စစ်ရေးအခြေအနေသတိပြုရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်း - မလယ်လမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကာ ကားတစ်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၄)ကထုတ်ပြန်သည်။