Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် PDF စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ

စခန်း၏ အဆောက်ဦးများ ပျက်စီးမှုမရှိသော်လည်း အရေးပေါ် စခန်းတည်နေရာ အသစ်ပြောင်းရွေ့ရန် စီစဥ်နေပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)၏ စခန်းအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၀ရက် ညနေ ၃ နာရီခွဲခန့်က ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၏ စခန်းအား စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ခွဲတာဝန်ရှိသူက ပြောသည်။

စခန်းအတွင်း ရော့ကတ်၂လုံးကျရောက် ပေါက်ကွဲခဲ့ရာ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်နက်ခဲယမ်းထိခိုက်မှုတော့ညမရှိဘူး။ ထိခိုက်တာကတော့ စခန်းအနီးမှာရှိတဲ့ ဘုရား အုတ်တံတိုင်း တစ်နေရာပေါက်သွားတယ်။ ကျွန်တော်တို့ ကားတစ်စီး ပျက်စီးသွားတယ် ဒါလောက်ပါပဲ။”ဟု လျှပ်စီးတပ်ခွဲ တာဝန်ရှိသူက ပြောသည်။

စခန်း၏ အဆောက်ဦးများ ပျက်စီးမှုမရှိသော်လည်း အရေးပေါ် စခန်းတည်နေရာ အသစ်ပြောင်းရွေ့ရန် စီစဥ်နေပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

ယနေ့ (နိုဝင်ဘာ ၁ ရက်) နံနက်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ ချောင်းဦးမြို့နှင့်ငါးယှန်ရွာကြား၌ စစ်ကောင်စီတပ်အား ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ရာ စစ်သားတစ်ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။