Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၆ ဦးထိရှိလာ

မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်း လူနေရပ်ကွက်တွေမှာ မနေ့က နိုဝင်ဘာလ ၁၁ရက် ည၁၁နာရီခွဲဝန်းကျင် ဗုံးကြဲခံရတာပါ။

မိုးကုတ်မြို့ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၆ ဦးထိရှိလာ
မိုးကုတ်မြို့ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၆ ဦးထိရှိလာ

ဆိုင်းမင်း/People’s Spring

TNLA သိမ်းထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက မနေ့ နိုဝင်ဘာလ ၁၁ ရက် ညအချိန် လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ ၆ဦးသေဆုံးပြီး လူနေအိမ်၁၀လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်း လူနေရပ်ကွက်တွေမှာ မနေ့က နိုဝင်ဘာလ ၁၁ရက် ည၁၁နာရီခွဲဝန်းကျင် ဗုံးကြဲခံရတာပါ။

မိုးကုတ်အနောက်ခြမ်း လူးထရပ်ကွက်မှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ၊ မြို့ အရှေ့ခြမ်း လယ်ဦးရပ်ကွက်မှာ အမျိုးသား ၃ဦးစုစုပေါင်း ၆ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူတွေလည်းရှိနေပြီး အရေအတွက်အတိအကျမသိရသေးပါဘူး။

မိုးကုတ်မြို့ လယ်ဦးအထက်ရွာ၊ မင်္ဂလာမဂ္ဂင်ကျောင်း၊ဘုံခုနှစ်ဆင့်၊မြို့ဦးလွင်စတဲ့နေရာတဝိုက်မှာ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲခဲ့တဲ့အတွက် လူနေအိမ် ၁၀လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်း မိုးကုတ်မြို့ကို မနေ့ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကို ဖော်ပြနေကြပါတယ်။

ဒီမနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းအရ လေကြောင်း တိုက်ခိုက်မှုကြောင့် အခိုင်အမာဆောက်ထားတဲ့ တိုက်တာအဆောက်အဦးတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားတာတွေ့ရပါတယ်။

နာမည်ကျော် ပတ္တမြားကျောက်မျက်ရတနာထွက်ရှိတာကြောင့် လူသိများတဲ့ မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်က သိမ်းယူခဲ့ပါတယ်။

မိုးကုတ်မြို့ကို လက်လွှတ်ရချိန်ကတည်းက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ဖို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက လှုံ့ဆော်ခဲ့ကြတာပါ။ လက်ရှိမှာ TNLA က မြို့ အုပ်ချုပ်ရေးယန္တရား ထူထောင်ပြီး အုပ်ချုပ်နေပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲ မဖြစ်ဘဲ အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ လုပ်ရပ်ကို တားမြစ်ပေးဖို့ TNLA ၊ MNDAA နဲ့ AA တို့က ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရုတ်အစိုးရ ကို စာထုတ်ပြီးတောင်းဆိုခဲ့ပါတယ်။

မနေ့ညပိုင်းက မိုးကုတ်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ကတော့ တရုတ်ခရီးစဉ်ကနေ စစ်ကောင်စီခေါင်းဆောင်ပြန်ရောက်ပြီး ရက်ပိုင်းအကြာမှာပဲ တိုက်ခိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook