Connect with us

Hi, what are you looking for?

သတင်း

သိမ်းပိုက်ထားသည့်မြို့များ ဆက်လက်ကာကွယ်စောင့်ရှောက်ရန် အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား TNLAစစ်ဦးစီးအရာရှိချုပ် မှာကြား

(TNLA​၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(TNLA​၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

ရွှေပြည်စိုး/People’s Spring

၁‌၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် ၁၂မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား TNLAစစ်ဦးစီးအရာရှိချုပ်က တိုက်တွန်းပြောကြားလိုက်သည်။

တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာ ၉ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ TNLAစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် (၁၂)မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် တစ်ဦးချင်းတွင် တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု TNLA က ယနေ့(နိုဝင်ဘာ ၁၃ရက်) သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သင်တန်းဌာနမှူး ဗိုလ်မှူးတားပခူးကလည်း စစ်သားတစ်ဦးတွင် ထားရှိသင့်သည့် ရဲဘော်၊ ရဲဘက်စိတ် မွေးမြူးထားရှိရန်၊ မိမိလူမျိုး၊ မိမိရဲဘော်အချင်းချင်း မှန်ကန်သည့် စိတ်ထားကောင်း ထားရှိရန်၊ မိမိအထက်လူကြီးများ၏ အမိန့်နာခံမှုရှိရန် ၊ မိမိကြောင့် ပြဿနာမဖြစ်ပွားအောင် မိမိကိုယ်ကို ထိန်းသိမ်းရန်၊ တပ်သားတစ်ဦးတွင် ဖြတ်ထိုးဉာဏ်နှင့် သွက်လက်ဖြတ်လပ်မှု ရှိရမည်ဟု မှာကြားခဲ့သည်ဟု ထုတ်ပြန်အသိပေးထားသည်။

အဆိုပါ အမျိုးသားအထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလသုံလကျော်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ၁,၀၀၀ ကျော် တက်ရောက်ပြီးမြောက်ခဲ့သည်ဟု ဆိုထားသည်။

ထို့အပြင် အမျိုးသမီး စစ်သင်တန်းအမှတ်စဥ်(၆၆) (ဂ)သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာ ၁၁ရက်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(TNLA​၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(TNLA​၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

အမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ ၂၀၀ ဝန်းကျင်ရှိပြီး သင်တန်းဆင်းသည့် အမျိုးသမီးစစ်မေများကို PSLF/TNLA၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့သည်ဟု အသိပေးထားသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မိုင်း ငေါ့မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည်။

” တရုတ်ဖိအားရှိနေပေမယ့် တော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့အထိ ဆက်ချမယ်လို့TNLAက ထုတ်ပြလိုက်တဲ့သဘောပဲ”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးလေ့လာသူတစ်ဦးကမှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။