Connect with us

Hi, what are you looking for?

သတင်း

သစ်တောမြေအပါအဝင် မြေယာပြဿနာများ ဥပဒေနှင့် အညီဖြေရှင်းပေးရန် TNLA ခေါင်းဆောင်မှာကြား

သစ်တောကြိုးဝိုင်းလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

(တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️CDM သစ်တောဝန်ထမ်းများလည်း မြေယာမူဝါဒဆိုင်ရာများ ဆွေးနွေး

ထားမြတ်/People’s Spring

တအာင်းပြည်အတွင်းရှိ ဘိုးဘွားပိုင်မြေများ၊ လယ်ယာမြေများ၊ သစ်တောနယ်မြေများနှင့် ပတ်သက်ပြီး ပြဿနာဖြစ်လာပါက ဥပဒေနှင့်အညီဖြေရှင်းပေးရန် တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

(တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

PSLF/TNLA​၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ မြေယာမူဝါဒနှင့် ရှေးလုပ်ငန်းစဥ် အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၅ရက်မှ ၂၇ရက် အထိပြုလုပ်ခဲ့ရာ အထွေထွေအတွင်းရေးမှူးက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် သစ်တောကြိုးဝိုင်းလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ TNLA ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ မြေစာရင်းဌာနမှ CDMဝန်ထမ်းများ၊ မြေယာနှင့် သစ်တောဌာနရှိဝန်ထမ်းများ တက်ရောက်ခဲ့သည်ဟု အသိပေးသည်။

(တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

နှီးနှောဖလှယ်ပွဲ၌ TNLAပါဝင်ဆင်နွှဲခဲ့သည့် ၁၀၂၇စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားသည့် ဌာနဆိုင်ရာမြေနေရာများ၊ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ သိမ်းယူထားသည့် မြေများ၊ အသင်းအဖွဲ့နှင့် ကုမ္မဏီဆိုင်ရာမြေများ၊ နယ်နိမိတ်မြေနှင့် ကျူးကျော်မြေများ၊ အဌားမြေနှင့် မြေအရောင်းအဝယ်ကိစ္စများတွင် ဖြစ်ပေါ်တတ်သော ပြဿနာများကိုလည်း ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

TNLAသည် စစ်ဆင်ရေး တစ်နှစ်တာအတွင်း နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ မိုးမိတ်၊ မိုးကုတ်၊ကျောက်မဲ၊ သီပေါနှင့် နောင်ချို မြို့များကို တိုက်ခိုက်သိမ်းပိုက် ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။