Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးညမှာ ငါန်းဇွန်မြို့နယ်ဗုံးကြဲခံရပြီး အရပ်သား ၅ဦးသေဆုံး

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။

ဓာတ်ပုံ - နွားထိုးကြီးမြို့နယ် Journal
ဓာတ်ပုံ - နွားထိုးကြီးမြို့နယ် Journal

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း​၊ ငါန်းဇွန်မြို့နယ် က သားကြင်ရွာကို ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူး ညပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲရာ အရပ်သား ၅ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ဒီဇင်ဘာ ၃၁ ရက် ည၈ နာရီခွဲခန့်က သားကြင်ရွာ လေကြောင်းကနေ ဗုံးကြဲ ခံရတာပါ။ အဲဒီလေကြောင်း တိုက်ခိုက် မှုအတွင်း အမျိုးသား ၄ ဦး ၊အမျိုးသမီး ၁ဦး သေဆုံးခဲ့ရတယ်လို့သားကြင်ရွာဒေသခံက ပြောပါတယ်။

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရရှိသူလည်း ၆ဦးရှိပြီး နွား၈ကောင်သေဆုံးခဲ့သလို လူနေအိမ်၁၀လုံးထပ်မနည်းပျက်စီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်အတွင်းက မြေပြင်သတင်းတွေ ဖော်ပြတဲ့ နွားထိုးကြီး Journal ဖေ့ဘွတ်ခ်ကလည်း ဖော်ပြထားပါတယ်။

သားကြင်ရွာရဲ့ အနီးဝန်းကျင်ကို နှစ်သစ်ကူးညမတိုင်ခင် ဒီဇင်ဘာလ ၃၀ရက်ကလည်း လေကြောင်းကနေဗုံးကြဲခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။