ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် က သားကြင်ရွာကို ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူး ညပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲရာ အရပ်သား ၅ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
တိုက်ပွဲမဖြစ်ဘဲ ဒီဇင်ဘာ ၃၁ ရက် ည၈ နာရီခွဲခန့်က သားကြင်ရွာ လေကြောင်းကနေ ဗုံးကြဲ ခံရတာပါ။ အဲဒီလေကြောင်း တိုက်ခိုက် မှုအတွင်း အမျိုးသား ၄ ဦး ၊အမျိုးသမီး ၁ဦး သေဆုံးခဲ့ရတယ်လို့သားကြင်ရွာဒေသခံက ပြောပါတယ်။
သေဆုံးသူတွေကတော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူလည်း ၆ဦးရှိပြီး နွား၈ကောင်သေဆုံးခဲ့သလို လူနေအိမ်၁၀လုံးထပ်မနည်းပျက်စီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်အတွင်းက မြေပြင်သတင်းတွေ ဖော်ပြတဲ့ နွားထိုးကြီး Journal ဖေ့ဘွတ်ခ်ကလည်း ဖော်ပြထားပါတယ်။
သားကြင်ရွာရဲ့ အနီးဝန်းကျင်ကို နှစ်သစ်ကူးညမတိုင်ခင် ဒီဇင်ဘာလ ၃၀ရက်ကလည်း လေကြောင်းကနေဗုံးကြဲခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။