Connect with us

Hi, what are you looking for?

သတင်း

“မန္တ​လေးကို သိမ်းမယ် ၊ မန္တ​လေးကိုသိမ်းမယ်”

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်​တွေကို ဇန်နဝါရီ၁၀မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်​တွေကို ဇန်နဝါရီ၁၀မှာ ထုတ်ပြန်ပါတယ်။

PDF ​တွေဟာ “မန္တ​လေးကို သိမ်းမယ် ၊မန္တ​လေးကို သိမ်းမယ်” လို့ သင်တန်းဆင်းပွဲမှာ​ကြွေး​ကြော်ခဲ့ကြသလို ၊ အဆို​တော် လင်းလင်းရဲ့”​ရောင်နီ ” ​သီချင်းကိုဟစ်​ကြွေးခဲ့ကြပါတယ် ။

https://www.facebook.com/LuduNwayOo/videos/3162173753924828

သင်တန်းဆင်းပွဲကို ဘယ်​နေ့က ဆင်းတယ်ဆိုတာမထုတ်ပြန်​ပေမယ့် ဒီရက်သတ္တပါတ်အတွင်းမှာဖြစ်ဖွယ်ရှိပါတယ် ။

Public Service Announcement

Public Service Announcement

မန္တ​လေး PDF ဟာ​နွေဦး​တော်လှန်​ရေးမှာ​ပေါ်​ပေါက်လာတဲ့ ​တော်လှန်​ရေးတပ်​တွေထဲမှာ တိုက်စွမ်းရည်ထက်မြတ်လှတဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။

စစ်အုပ်စုကို အကြိမ်ကြိမ် အထိနာ​အောင်တိုက်ခိုက်နိုင်ခဲ့သလို မန္တ​လေးPDF ဟာမဟာမိတ်တပ်​တွေနဲ့ပူး​ပေါင်းပြီးစဥ့်ကူးမြို့နယ် ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါအပြင်မတ္တရာမြို့နယ်​ရှေ့ပိုင်း က စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါအပြင် TNLA အပါအဝင် မဟာမိတ်တပ်​တွေနဲ့အတူ ​နောင်ချို ၊ မိုးကုတ် ၊မိုးမိတ် မြို့​တွေကိုလည်း သိမ်းပိုက်ထားပါတယ်။

ရုပ်သံ-မန္တ​လေး(PDF)

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF ၊ အထူးလှုပ်ရှားတပ်မက ဒု-နည်းဗျူဟာမှူးအဆင့်ရှိ ရဲဘော် (၁)ဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော် (၄)ဦး၊ ရဲဘော် (၅) ဦး နဲ့ ရန်သူ့ထံ လက်နက်ချ အညံ့ခံသွားတဲ့ ရဲဘော်တွေကို ကနဦးအနေနဲ့ အမည်ပျက်စာရင်းတင်သွင်းပြီး ပြစ်မှုအပေါ်မူတည်ပြီး ချမှတ်ထားတဲ့...

သတင်း

မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းဆောက်လုပ်တဲ့လုပ်ငန်းတွေအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့လို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး ​မေလ ၂၆ ရက်ညပိုင်းအထိ တိုက်ပွဲ တွေဖြစ်ပွားနေ တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။