Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်တွင် စစ်တပ်ကပေါ်တာဆွဲ ဖမ်းဆီးနေ၊ ပြည်သူ ၄၀ခန့် ဖမ်းခေါ်သွား

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများဝင်ရောက်၍ ပေါ်တာဆွဲဖမ်းဆီးနေရာ တစ်ရက်တည်းတွင် ဒေသခံပြည်သူ ၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများဝင်ရောက်၍ ပေါ်တာဆွဲဖမ်းဆီးနေရာ တစ်ရက်တည်းတွင် ဒေသခံပြည်သူ ၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၄ ရက်)တေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များသည် ပွင့်ဖြူမြို့နယ်ရှိ ထန်းတောစု၊ ဖလံတော၊ ကျောက်ကုန်း စသည့်ကျေးရွာများသို့ ဝင်ရောက်၍ အတင်းအဓ္ဓမပေါ်တာဆွဲဖမ်း ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျေးရွာတွေကိုက စကစ အားပေး ပျားစောထီးများနှင့် ပူးပေါင်းကာ ရိုက်နက်ခေါ်ဆောင်မှုများကြောင့် ပြည်သူအများစုမှာ ဘယ်ကိုမှ မသွားရဲ မလာရဲကြတော့ဘဲ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ စိုးရိမ်ပူပန်သောကရောက်နေကြရပါတယ်”ဟု မင်းဘခရိုင်တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ပေါ်တာဆွဲဖမ်းဆီးမှုများတွင် ဖလံတောရွာမှ ၁၈ ဦး၊ ထန်းတောရွာမှ ၃ ဦး၊ ကျောက်ကုန်းကျေးရွာမှ ၂၀ ဝန်းကျင်နှင့် စုစုပေါင်း ပြည်သူ ၄၀ ခန့် ဒဖြစ်ကြောင်း‌ ဒေသခံများထံမှ စုံစမ်းသိရသည်။

“ယနေ့ ထန်းတောရွာက ၃ ဦးဆိုရင် ထော်လာဂျီနဲ့ စပါးတိုက်ကပြန်အလာ ကားပေါ်က ဆင်းခိုင်းပြီး ထုထောင်းခေါ်ဆောင်သွားတာ။ ကားကို လမ်းဘေးမှာ ထားခဲ့ရပါတယ်”ဟု မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဖလံတောကျေးရွာမှ ပြည်သူ ၁၈ဦးမှာလည်း လယ်အလုပ်မှပြန်လာစဥ် လမ်းခုလပ်၌ စစ်ကောင်စီတပ်များနှင့်တိုး၍ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အဖမ်းခံရသူများအား ပြန်ရွေးလိုပါက တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ပေးရမည်ဟု ပြောဆိုသွားကြောင်း ဖမ်းခံရသူများ၏ မိသားစုဝင်များ ကိုးကားပြီး ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ယခုကဲ့သို့ အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားခြင်း၊ အပျော်အပါးကိစ္စသွားလာခြင်းများကို ရှောင်ကြဥ်၍ အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းမည့် လုပ်ရပ်ဖြစ်သည်ကို သတိပြုကြရန် မင်းဘူးခရိုင် တပ်ရင်း(၄)က တိုက်တွန်းသည်။

အလားတူ အာဏာသိမ်းစစ်ကောင်စီနှင့် လုံးဝ(လုံးဝ) မပတ်သတ်ဘဲ ၎င်း၏ ဌာနဆိုင်ရာ အဆောက်အဦးများအနီး နေထိုင်ခြင်း၊ ၎င်းတို့နှင့်ပူးပေါင်းပါဝင်ပတ်သက်ခြင်းများကို ရှောင်ကျဥ်ပေးစေလိုကြောင်းလည်း တပ်ရင်း (၄)က မေတ္တာရပ်ခံထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီအားဖြည့်ပေးကြရန် မင်းဘူးခရိုင် တပ်ရင်း(၄)က နှိုးဆော်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် စစ်မှုထမ်းရန်အတွက် လူငယ်များခေါ်ဆောင်နေပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများလည်း ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့