Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ အမေရိကန်-ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။

မဟာမိတ် အမေရိကန်နဲ့ ပူးပေါင်းပြီး တောင်တရုတ် ပင်လယ်ထဲမှာ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို ပဉ္စမ အကြိမ်မြောက်အဖြစ် လုပ်ဆောင်ခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စဟာ တရုတ် အစိုးရကို သေချာပေါက် စိတ်အနှောင့်အယှက် ဖြစ်စေမယ့် သဘောပါ။ တရုတ်က အမေရိကန်ဟာ တောင်တရုတ်ပင်လယ် အရေးမှာ ကြားဝင်စွက်ဖက်ပြီး ဒေသတွင်း တည်ငြိမ်မှုကို အနှောင့်အယှက် ပေးနေတယ်လို့ အရင်ကတည်းက စွပ်စွဲ ဝေဖန်ထားခဲ့ပါတယ်။

ဖိလစ်ပိုင် စစ်တပ်ကတော့ အမေရိကန်နဲ့ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှု တစ်ခုကို ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ လုပ်ဆောင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပဉ္စမမြောက်နဲ့ အခုနှစ်အတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု ဖြစ်လာခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ စတင် တာဝန်ယူချိန် ကတည်းက မဟာမိတ် နှစ်နိုင်ငံခြား လုံခြုံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်တိုက် အရှိန်မြင့်လာပါတယ်။ အကျိုးဆက်အဖြစ် အမေရိကန် အတွက်လည်း တရုတ် ခြိမ်းခြောက်မှုကို အချိန်ပြည့် ခံနေရတဲ့ ထိုင်ဝမ်ရဲ့ အရေးကို ကိုင်တွယ်ဖို့ ကိစ္စ အပါအဝင် အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ စစ်ရေး အစီအမံတွေအတွက် အဆင်ပြေစေမယ့် စစ်စခန်းတွေ ချဲ့ထွင်လို့ ရလာနေပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ရဲ့ USS Carl Vinson လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စု၊ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော နှစ်စီး၊ ရဟတ်ယာဉ် နှစ်စီးနဲ့ F-18 တိုက်လေယာဉ် နှစ်စီး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ဖက်ကတော့ Antonio Luga ဖရီးဂိတ် စစ်သင်္ဘော၊ Andres Bonifacio ကင်းလှည့်ရေယာဉ်၊ FA-50 တိုက်လေယာဉ် နှစ်စီးတို့ကို လေ့ကျင့်ရေးအတွက် စေလွှတ်ခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လေ့ကျင့်မှုတွေမှာတော့ ဖိလစ်ပိုင် လေတပ်ကပါ ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ရေပြင်မှာ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ အကြီးဆုံး သင်္ဘောကြီးတစ်စီး ရောက်ရှိနေတာကို ဖိလစ်ပိုင်က ကန့်ကွက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး အခုစစ်ရေး လေ့ကျင့်မှု အကောင်အထည် ပေါ်လာတာပါ။ ဖိလစ်ပိုင်-အမေရိကန် ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မနီလာမှာရှိတဲ့ တရုတ်သံရုံးကတော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။