Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့မဈေးကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာမှ ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂ဝ၂၃ ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ်။(ဓာတ်ပုံ - TNLA)

ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့(ဇန်နဝါရီ၂၅ရက်) နေ့လယ် ၁နာရီ၂၅ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်။

“လေကြောင်းကနေ နှစ်ကြိမ်ပစ်ချသွားတယ်။ ဈေးဆိုတော့ အထိအခိုက်များမယ်ထင်တယ်။ အခု ကျမတို့ ဗုံးကျင်းထဲ ဝင်နေကြရတယ်”ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၃ရက်ကလည်း စစ်ကောင်စီက ကျောက်မဲမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သေးသည်။

TNLAသည် ၁၀၂၇စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့ကို သိမ်းပိုက်ထားသည်။

ဒေသအနှံ့ရှိ တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLAက ဇန်နဝါရီ ၁၂ရက် တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခု ဇန်နဝါရီအတွင်း TNLA ထိန်းချုပ်ဒေသများမှ ကျောက်မဲမြို့အပြင် နောင်ချို၊ မိုးကုတ်မြို့တို့ကိုလည်း လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook