Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်နိုင်ငံလုံး မီးပြတ်တာ မျောက်တစ်ကောင်ကြောင့်လို့ သီရိလင်္ကာ စွမ်းအင်ဝန်ကြီးပြော

တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့တာဟာ မျောက်တစ်ကောင်ကြောင့်လို့ သီရိလင်္ကာ အစိုးရ ဝန်ကြီးတစ်ဦးက ပြစ်တင် ပြောကြားသွားခဲ့ပါတယ်။

People’s Spring

တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့တာဟာ မျောက်တစ်ကောင်ကြောင့်လို့ သီရိလင်္ကာ အစိုးရ ဝန်ကြီးတစ်ဦးက ပြစ်တင် ပြောကြားသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့တုန်းက အာရှတောင်ပိုင်း ကျွန်းနိုင်ငံ တစ်ခုလုံးမှာ ဆေးရုံတွေ အပါအဝင် နေရာတိုင်း ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ မီးစက်တွေကို အရေးပေါ် အသုံးပြုခဲ့ရ ပါတယ်။

၁၃ နာရီလောက် ကြာမြင့်ပြီးတဲ့ နောက်မှာတော့ ဓာတ်အားပို့လွှတ်မှုတွေကို တဖြည်းဖြည်းချင်း ပြန်စတင်နေပြီး ကျန်းမာရေး စောင့်ရှောက်မှု အဆောက် အအုံတွေကို ဦးစားပေး အဆင့်အဖြစ် ဓာတ်အား ထောက်ပံ့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စွမ်းအင် ဝန်ကြီး ကူမာရာ ဂျာယာကိုဒီကတော့ တစ်နိုင်ငံလုံး မီးပြတ်ခဲ့တာဟာ မျောက်တစ်ကောင်ကြောင့် ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီမျောက်ဟာ ဓာတ်အား ဖြန့်ဖြူးရေးအတွက် အထူးအရေးကြီးတဲ့ ပင်မ ထရန်စဖော်မာ တစ်ခုနဲ့ ထိတွေ့မိရာက စနစ်မှာ မငြိမ်မသက် ဖြစ်စေတဲ့ ချွတ်ယွင်းမှုတွေ ပေါ်ပေါက်သွားစေခဲ့ကြောင်း သူက ဆိုပါတယ်။

အဲဒီမျောက် ဘာဖြစ်သွားခဲ့သလဲ ဆိုတာကိုတော့ ဝန်ကြီးက မပြောပါဘူး။

ဓာတ်အား ဖြန့်ဝေမှုကို အဓိက တာဝန်ယူထားတဲ့ ဘုတ်အဖွဲ့ကတော့ ကိုလံဘိုမြို့တော်မှာ ရှိနေတဲ့ ဓာတ်အားခွဲရုံ တစ်ခုမှာ အပြစ်ဖြစ်ခဲ့ရာက ပင်မ ဓာတ်အားပေး စနစ်မှာ ပြဿနာတွေ ကြုံခဲ့တာလို့ ကြေညာပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ဓာတ်အား ပြန်ရရေးအတွက် အင်ဂျင်နီယာတွေက အစွမ်းကုန် အပတ်တကုတ် အလုပ်လုပ်နေခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းမှာ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နာရီပေါင်း အတော်များများ မီးတွေ ပြတ်နေတဲ့ အချိန်မှာ လူဦးရေ ၂၂ သန်းရှိတဲ့ နိုင်ငံရဲ့ ဆေးရုံတွေ၊ အိမ်တွေနဲ့ အလုပ်ရုံတွေမှာ မီးစက်တွေ၊ အင်ဗာတာတွေကို အသုံးပြုခဲ့ကြရပါတယ်။

သီရိလင်္ကာဟာ ၂၀၂၂ ခုနှစ် စီးပွားရေး အကျပ်အတည်း ကာလတုန်းကလည်း ဆိုးဆိုးရွားရွား ဓာတ်အားပြတ်တောက်မှု အခြေအနေတွေကို ရင်ဆိုင် ဖြတ်သန်းခဲ့ရဖူးပါတယ်။

ကိုးကား – BBC ၊ ဓာတ်ပုံ – reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။