Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူး လက်ပန်လှရွာကိုစစ်တပ် ဗုံးကြဲလို့ ပြည်သူတဦး​သေ၊ တဦးဒဏ်ရာရ

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်​ကောင်စီတပ်​ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့ မနက် ၁၀ နာရီခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးသေ ဆုံးပြီး ၊အမျိုးသားတဦးဒဏ်ရာရရှိခဲ့ပါတယ်။

လက်ပံလှရွာမှာ ​ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့က ဗုံးကြဲ ခံရပြီးနောက်အပျက်အစီးများ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်​ကောင်စီတပ်​ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့ မနက် ၁၀ နာရီခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးသေ ဆုံးပြီး၊အမျိုး သားတဦးဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခံရမှုကြောင့် အသက်၄၃နှစ်အရွယ်မစန်းစန်းမွန် ​သေဆုံးခဲ့ပြီး အသက် ၅၃နှစ်အရွယ်ဦးခင်မောင်မြင့်ဒဏ်ရာရရှိခဲ့တာပါ။ဒါ့အပြင်နေအိမ်တလုံးမီးလောင်ပျက်စီးခဲ့သလို စာသင်ကျောင်းဆောင်တခုလည်းထိခိုက်ပျက်စီးသွားတယ်လို့ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ပကဖ)သတင်းတာဝန်ခံက​ပြောပါတယ်။

“ဘာသတင်းမှမကြားမိဘူး။ဒီအတိုင်းလာကြဲသွားတာ။မီးတွေလည်းလောင်တယ်”လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း စစ်တပ်က မန္တလေးတိုင်းထဲကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်ပန်လှရွာရဲ့တောင်ဘက်က ရွှေပြည်ကျေးရွာဘုန်းကြီးကျောင်းကို PDF ခေါင်းဆောင်တဦးမင်္ဂလာဆောင်ရှိတယ်ဆိုပြီး လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယါ။

စဥ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)က ၁၀၂၇ စစ်ဆင်​ရေး ဒုတိယပိုင်း (ရှမ်းမန်းစစ်ဆင်​ရေးအတွင်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။စဥ့်ကူးမြို့နယ် ကပ်လျက်က မတ္တရာမြို့နယ်အ​ရှေ့ရှမ်းကိုလည်း မန္တ​လေး PDF သိမ်းပိုင်ထိန်းချုပ်ထားပြီး ဒီလပိုင်းမှာ မတ္တရာမို့နယ်မှာ တိုက်ပွဲ​တွေ ပြင်းထန်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။