Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ဥရောပ မဟာမိတ်တွေ ခွာပြဲနေချိန် အီရန်-တရုတ်-ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်

အီရန်၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံ ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု တစ်ခုကို အိုမန် ပင်လယ်ကွေ့မှာ မတ်လ ၁၀ ရက်နေ့ အစပြုခဲ့ကြောင်း သိရပါတယ်။

အီရန်၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံ ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု တစ်ခုကို အိုမန် ပင်လယ်ကွေ့မှာ မတ်လ ၁၀ ရက်နေ့ အစပြုခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ ဥရောပ မဟာမိတ်တွေနဲ့ သွေးကွဲနေတဲ့ အချိန်မှာ အမေရိကန်ရဲ့ ပြိုင်ဘက်တွေလို့ သတ်မှတ်နိုင်တဲ့ နိုင်ငံသုံးခုကတော့ ညီညီညွတ်ညွတ် ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်မှု တစ်ခုကို စတင်ခဲ့တာ ဖြစ်ပါတယ်။

Security Beltလို့ နာမည်ပေးထားတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုကို ရုရှား၊ တရုတ်နဲ့ အီရန်တို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် ကတည်းက နှစ်စဉ် ကျင်းပခဲ့ပြီး အခုတစ်ကြိမ်က ပဉ္စမမြောက် ဖြစ်တယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီ ရေတပ် စစ်ရေးလေ့ကျင့်မှုတွေဟာ အာဏာရှင်ဆန်တဲ့ အစိုးရ အသီးသီး အုပ်ချုပ်နေတဲ့ သုံးနိုင်ငံကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို အားကောင်းလာပြီး အမေရိကန်နဲ့ အနောက် ဒီမိုကရေစီ အင်အားစုတွေကို တန်ပြန်တဲ့ ပြယုဂ်တစ်ခုအဖြစ် လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒီနှစ်မှာတော့ ကမ္ဘာ့နိုင်ငံရေး နောက်ခံ အခင်းအကျင်းတွေက အရင်နဲ့ မတူတော့ဘဲ ထရမ့်ဟာ ဥရောပ မဟာမိတ်တွေကို ခြေစုံကန်၊ ယူကရိန်းအတွက် အထောက်အပံ့တွေ ရပ်ဆိုင်းပြီး ရုရှားကို အလျှော့ပေး လိုက်လျောတဲ့ သဘောထားမျိုးတွေနဲ့ ဆက်ဆံနေပါတယ်။

အစဉ်အလာအရ အမေရိကန် ပြိုင်ဘက်တွေဖြစ်တဲ့ သုံးနိုင်ငံ ပူးပေါင်းပြီး အင်အားပြတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ မတ်လ ၉ ရက်နေ့မှာ သတင်းထောက်တွေက သဘောထား မှတ်ချက် တောင်းခံခဲ့တဲ့အခါ ထရမ့်က ဘာမှ စိုးရိမ်စရာ မရှိပါဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ အဲဒီနိုင်ငံ အားလုံးထက် အမေရိကန်က ပိုအားကောင်းသလို အစွမ်းအစ ပိုကြီးတယ်လို့ သမ္မတရဲ့ စီးတော်လေယာဉ် Air Force Oneပေါ်မှာ ထရမ့်က ပြောကြားသွားပါတယ်။

သုံးနိုင်ငံ ရေတပ်တွေ ပူးပေါင်း စစ်ရေး လေ့ကျင့်နေတဲ့ အိုမန် ပင်လယ်ကွေ့ဟာ အီရန် ကမ်းလွန်က ဟောမုဇ် ရေလက်ကြားနဲ့ အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးရာ မဟာဗျူဟာ ရေလမ်းကြောင်းမှာ တည်ရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာအနှံ့ကို ပင်လယ်ရေကြောင်း ခရီးကနေ တင်ပို့တဲ့ ရေနံစိမ်း ပမာဏ အားလုံးရဲ့ လေးပုံတစ်ပုံကျော်ဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းလေ့ ရှိကြောင်းလည်း သိရပါတယ်။

၂၀၂၅ ခုနှစ် Security Belt ရေတပ် စစ်ရေး လေ့ကျင့်မှုအတွက် တိုက်သင်္ဘောတွေ၊ ထောက်ပံ့ရေးသင်္ဘောတွေ၊ အသေးစား စစ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၁၅ စီးနဲ့ ရဟတ်ယာဉ်တွေ စေလွှတ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ တရုတ်ကတော့ Typoe 052D ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Baotouနဲ့ ထောက်ပံ့ရေး ရေယာဉ် Gaoyouhuတို့ကို စေလွှတ်ပေးခဲ့ပါတယ်။ အီရန်ကတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်တိမ်းနိုင်တဲ့ တိုက်သင်္ဘောငယ် တစ်စီးနဲ့ ကင်းလှည့်ရေယာဉ် တစ်စီးကို စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းစေခဲ့ကြောင်း အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်က ပြုလုပ်နေပြီး သမ္မတ လိုင်ချင်တေး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။