Connect with us

Hi, what are you looking for?

သတင်း

ကနီကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြချမ်းသာရွာနှင့် ငါးဖျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခန့်၌ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

စစ်ကောင်စီတပ်က မုံရွာမြို့နယ်အတွင်း စက်တပ်လေထီးဖြင့် မတ်လဆန်းက တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

ဧပြီ ၉၊ ၂၀၂၅။ ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြချမ်းသာရွာနှင့် ငါးဖျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခန့်၌ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

အရပ်သားများရှိနေသော ကျေးရွာကို စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့ခံများကပြောပြီး ထိခိုက်မှုအခြေအနေကို လတ်တလောမသိရှိရသေးပေ။

စစ်ကောင်စီသည် ၎င်းတို့ယာယီအပစ်ရပ်ကြောင်းကြေညာခဲ့သည့် ဧပြီ ၂ရက်ကလည်း ကနီမြို့နယ် မုဌောရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကနီမြို့နယ်နှင့်နယ်ချင်းဆက်စပ်နေသော ဘုတလင်မြို့နယ်ကို ဧပြီ ၆ ရက် ညနေတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးအတွက်ဆိုကာ ဧပြီ ၂ရက်မှ ၂၂ရက်အထိ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။