Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က သပိတ်ကော်မတီဝင်တစ်ဦးအားလာဖမ်းစဥ်သေနတ်ဖြင့်ပစ်၍ အမျိုးသမီးတစ်ဦးကွယ်လွန်

ဆုံးသူ၏ ရုပ်အလောင်းကိုလည်းစစ်ကောင်စီတပ်ကညတွင်းချင်းကားပေါ်တင်သွားခဲ့ပြီး ယနေ့နံနက် ၁၁နာရီခန့်ကရင်ခွဲထားသော အလောင်းလာပို့သွားပြီး နေ့လည်၁၂ခွဲတွင် သဂြိုလ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကော်မတီဝင်တစ်ဦးအား လာရောက်ဖမ်းဆီးစဥ် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ည နိုဝင်ဘာလ ၇ ရက် ည၈နာရီခန့်ကမုံရွာမြို့နယ်၊ပေါက်ပင်ကျေးရွာတွင်စစ်ကောင်စီတပ်သားများက မုံရွာပင်မသပိတ်ကော်မတီဝင်-အမျိုးသမီးသပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကိုသွားရောက်ရှာဖွေရာစစ်ကောင်စီတပ်များက အိမ်မှားဝင်ရောက်သဖြင့် ထိုနေအိမ်အတွင်းရှိသူများက ကြောက်လန့်၍ထက်ပြေးစဥ်သေနတ်ဖြင့်လိုက်ပစ်ရာအသက်၂၈ ဝန်းကျင်ရှိ မမြလေးနွယ် ဆိုသူအားလည်ပင်းတွင်တစ်ချက်၊ ရင်ဝတွင်တစ်ချက် စုစုပေါင်းနှစ်ချက် ထိမှန်ကာ အသက်သေဆုံးသွားခဲ့ရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

သေဆုံးသူ၏ ရုပ်အလောင်းကိုလည်းစစ်ကောင်စီတပ်ကညတွင်းချင်းကားပေါ်တင်သွားခဲ့ပြီး ယနေ့နံနက် ၁၁နာရီခန့်ကရင်ခွဲထားသော အလောင်းလာပို့သွားပြီး နေ့လည်၁၂ခွဲတွင် သဂြိုလ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် မုံရွာမြို့နယ်အတွင်းတွင်လည်း အကြမ်းဖက်လုပ်ရပ်များအား မြို့ပေါ်နှင့် နယ်ကျေးလက်များမပါမကျန် ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

Facebook