Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က သပိတ်ကော်မတီဝင်တစ်ဦးအားလာဖမ်းစဥ်သေနတ်ဖြင့်ပစ်၍ အမျိုးသမီးတစ်ဦးကွယ်လွန်

ဆုံးသူ၏ ရုပ်အလောင်းကိုလည်းစစ်ကောင်စီတပ်ကညတွင်းချင်းကားပေါ်တင်သွားခဲ့ပြီး ယနေ့နံနက် ၁၁နာရီခန့်ကရင်ခွဲထားသော အလောင်းလာပို့သွားပြီး နေ့လည်၁၂ခွဲတွင် သဂြိုလ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကော်မတီဝင်တစ်ဦးအား လာရောက်ဖမ်းဆီးစဥ် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ည နိုဝင်ဘာလ ၇ ရက် ည၈နာရီခန့်ကမုံရွာမြို့နယ်၊ပေါက်ပင်ကျေးရွာတွင်စစ်ကောင်စီတပ်သားများက မုံရွာပင်မသပိတ်ကော်မတီဝင်-အမျိုးသမီးသပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကိုသွားရောက်ရှာဖွေရာစစ်ကောင်စီတပ်များက အိမ်မှားဝင်ရောက်သဖြင့် ထိုနေအိမ်အတွင်းရှိသူများက ကြောက်လန့်၍ထက်ပြေးစဥ်သေနတ်ဖြင့်လိုက်ပစ်ရာအသက်၂၈ ဝန်းကျင်ရှိ မမြလေးနွယ် ဆိုသူအားလည်ပင်းတွင်တစ်ချက်၊ ရင်ဝတွင်တစ်ချက် စုစုပေါင်းနှစ်ချက် ထိမှန်ကာ အသက်သေဆုံးသွားခဲ့ရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

သေဆုံးသူ၏ ရုပ်အလောင်းကိုလည်းစစ်ကောင်စီတပ်ကညတွင်းချင်းကားပေါ်တင်သွားခဲ့ပြီး ယနေ့နံနက် ၁၁နာရီခန့်ကရင်ခွဲထားသော အလောင်းလာပို့သွားပြီး နေ့လည်၁၂ခွဲတွင် သဂြိုလ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် မုံရွာမြို့နယ်အတွင်းတွင်လည်း အကြမ်းဖက်လုပ်ရပ်များအား မြို့ပေါ်နှင့် နယ်ကျေးလက်များမပါမကျန် ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။