Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာ ဗုံးကြဲခံရပြီး အရပ်သား ၂ ဦးသေဆုံး

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ထဲက မာန်လည်ကျေးရွာကို မနေ့ (မေလ ၆ ရက်) နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မိန်းကလေး ၁ ဦးအပါအဝင်အရပ်သား ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မေ – ၇ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ထဲက မာန်လည်ကျေးရွာကို မနေ့ (မေလ ၆ ရက်) နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မိန်းကလေး ၁ ဦးအပါအဝင်အရပ်သား ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မနေ့ နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ မာန်လည်ကျေးရွာ ရွာလယ်ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်နဲ့ အသက် ၅၄ နှစ်အရွယ်အမျိုးသားတို့ သေဆုံးခဲ့ရတာလို့သိရပါတယ်။

” တူအရီးနှစ်ဦး နေရာမှာတင်ပွဲချင်းပြီးဆုံးတာ၊ ဦးလေးကဆို ခါးထက်ပိုင်းပြတ်သွားတာ”လို့ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် လသားအရွယ်ကလေးငယ်နဲ့မိခင် တို့အပါအဝင် အရပ်သား ၈ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးနေပြီး စိုးရိမ်ရတဲ့အခြေနေမှာမရှိတော့ဘူးလို့ သိရပါတယ်။ အခုလို ဗုံးကြဲခံရတဲ့ မာန်လည် ကျေးရွာ မှာ PDF တွေမရှိသလို တိုက်ပွဲလည်းမဖြစ်ဘဲ ဗုံးကြဲခံရတာလို့ ဒေသခံအချို့က အသိပေးပါတယ်။ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်ကလည်း မာန်လည်ကျေးရွာကိုစစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ညောင်ပင်တဲကျေးရွာမှာ ညီအကို ၃ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲရွာကရေကန်မှာမနေ့ ( စက်တင်ဘာလ ၃၀ ရက် )ညနေပိုင်းက လူငယ်အမျိုးသားသုံးဦး ရေနစ်သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူ ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။