Connect with us

Hi, what are you looking for?

ဗီဒီယို

အောက်တိုဘာလထဲ တိုက်ပွဲအကြိမ်​ရေ နှစ်​ရာ​ကျော်မှာ စစ်​ကောင်စီတပ်​တွေ ဘယ်​လောက်ထိသေဆုံးခဲ့သလဲ

စစ်ကောင်စီဟာ ငါးလတာအပစ်ရပ်တယ်လို့ ပြောဆိုပြီးကြေညာထားပေမယ့် တကယ့်လက်တွေ့မှာတော့ လိုက်နာမှုမရှိဘဲ ကေအဲန်ယူနယ်မြေအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားနေပြီး တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုနဲ့ လူထု​နွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်ဆောင်လာတာကြောင့် နယ်မြေခံ KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

အောက်တိုဘာလအတွင်း ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၂၀၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉၃ ဦးသေဆုံးကာ ၉၆ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ တပ်ရင်းမှူတစ်ဦး တပ်ခွဲမှူးနှစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ဗိုလ်မှူးတစ်ဦးပါဝင်တယ်လို့ စောကလယ်ဒိုက ပြောပါတယ်။KNLA တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲကို စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တပ်အဖွဲ့အသစ်တွေဖြစ်နေတဲ့အပြင် နယ်မြေမကျွမ်းကျင်တာတွေကြောင့် တိုက်ပွဲမှာအကျအဆုံးများခဲ့တာဖြစ်ပြီး တချို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သင်တန်းမတက်ဖူးတဲ့ တပ်သားတွေပါ ပါဝင်တယ်လို့ စောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ငါးလတာအပစ်ရပ်တယ်လို့ ပြောဆိုပြီးကြေညာထားပေမယ့် တကယ့်လက်တွေ့မှာတော့ လိုက်နာမှုမရှိဘဲ ကေအဲန်ယူနယ်မြေအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားနေပြီး တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။