Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေ၍ ကြားကာလပညာရေးကျောင်းများအားလုံး ယာယီပိတ်

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

မေ ၂၅၊၂၀၂၅။ကဖေး/People’s Spring

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

ပညာသင်ကြားနေသော အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာကျောင်းများ အားလုံး ယာယီပိတ်ထားရန် ညွှန်ကြားခြင်းဖြစ်သည်။

နိုင်ငံတော်အာဏာကို စစ်တပ်မှ မတရားသိမ်းပိုက်ပြီးချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကလေးလူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သင်ကြားပေးခဲ့ပြီး ယခုအချိန်တွင် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ဆေးရုံများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့် လူသားများအပေါ် စစ်ရာဇ၀တ်မှု(War crimes against humanity)ကို နေ့စဉ် ဆိုးရွားစွာကျူးလွန်လျက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နိုင်ငံသားကောင်းရတနာ ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများ အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် သက်ကြားရေး ယာယီရပ်နားခြင်းဖြစ်ပြီး ” ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီရပ်နားထားရန် ညွှန်ကြားလိုက်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညွှန်ကြားချက်အား သက်ဆိုင်ရာအဆင့်ဆင့်သောတာဝန်ရှိအဖွဲ့အစည်းများမှ ကြီးကြပ်ကူညီပူးပေါင်း ပါဝင်ဖော်ဆောင်ပေးကြရန်နှင့် သင်ကြားသင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

” ဒီလိုစီမံလိုက်တာ ကောင်းတယ်။ ဘေးအန္တရာယ်ကင်းအောင်အရင်လုပ်ရမယ်။ သင်နေရင်း လေယာဉ်သံကြားလို့ ကလေးတွေကြောက်လန့်နေရင် ကျနော်တို့မျက်ရည်ဝဲရတယ်”ဟု စစ်ကိုင်းတိုင်း ကြားကာလပညာသင်ကြားရေးကျောင်းဆရာတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မေလ ၁၂ရက်က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ(၂) ဦး၊ ကျောင်းသား၊သူ ကလေးငယ် ၂၂ဦး သေဆုံးပြီးစုစုပေါင်း ၁၀၂ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် မေလ ၂၃ ရက် ည‌နေ၂ နာရီ ၄၅ မိနစ်ခန့်ကလည်း မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲမှုအတွင်း မူကြိုကျောင်းတက်မည့် (၅)နှစ်အောက် ကလေး ၂ဦးအပါအဝင် ကလေးခုနစ်ဦးနှင့် လူကြီး ခုနစ်ဦး စုစုပေါင်း သေဆုံးသူ ၁၄ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။