Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေ၍ ကြားကာလပညာရေးကျောင်းများအားလုံး ယာယီပိတ်

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

မေ ၂၅၊၂၀၂၅။ကဖေး/People’s Spring

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

ပညာသင်ကြားနေသော အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာကျောင်းများ အားလုံး ယာယီပိတ်ထားရန် ညွှန်ကြားခြင်းဖြစ်သည်။

နိုင်ငံတော်အာဏာကို စစ်တပ်မှ မတရားသိမ်းပိုက်ပြီးချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကလေးလူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သင်ကြားပေးခဲ့ပြီး ယခုအချိန်တွင် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ဆေးရုံများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့် လူသားများအပေါ် စစ်ရာဇ၀တ်မှု(War crimes against humanity)ကို နေ့စဉ် ဆိုးရွားစွာကျူးလွန်လျက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နိုင်ငံသားကောင်းရတနာ ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများ အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် သက်ကြားရေး ယာယီရပ်နားခြင်းဖြစ်ပြီး ” ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီရပ်နားထားရန် ညွှန်ကြားလိုက်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညွှန်ကြားချက်အား သက်ဆိုင်ရာအဆင့်ဆင့်သောတာဝန်ရှိအဖွဲ့အစည်းများမှ ကြီးကြပ်ကူညီပူးပေါင်း ပါဝင်ဖော်ဆောင်ပေးကြရန်နှင့် သင်ကြားသင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

” ဒီလိုစီမံလိုက်တာ ကောင်းတယ်။ ဘေးအန္တရာယ်ကင်းအောင်အရင်လုပ်ရမယ်။ သင်နေရင်း လေယာဉ်သံကြားလို့ ကလေးတွေကြောက်လန့်နေရင် ကျနော်တို့မျက်ရည်ဝဲရတယ်”ဟု စစ်ကိုင်းတိုင်း ကြားကာလပညာသင်ကြားရေးကျောင်းဆရာတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မေလ ၁၂ရက်က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ(၂) ဦး၊ ကျောင်းသား၊သူ ကလေးငယ် ၂၂ဦး သေဆုံးပြီးစုစုပေါင်း ၁၀၂ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် မေလ ၂၃ ရက် ည‌နေ၂ နာရီ ၄၅ မိနစ်ခန့်ကလည်း မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲမှုအတွင်း မူကြိုကျောင်းတက်မည့် (၅)နှစ်အောက် ကလေး ၂ဦးအပါအဝင် ကလေးခုနစ်ဦးနှင့် လူကြီး ခုနစ်ဦး စုစုပေါင်း သေဆုံးသူ ၁၄ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။