Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တောင်ဘက်က ကနဲလေးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ကနဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − AFP

စစ်ကောင်စီတပ်သား ၅၂ဦး ထိုင်းနိုင်ငံအတွင်း ထွက်ပြေးပြန်

​မေ ၂၉၊၂၀၂၅။/People’s Spring

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ကနဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေထဲရှိပြီး မေလ ၂၀ရက်မှာ မော်ခီစခန်းကို စတိုက်ပြီးနောက် မေလ ၂၁ရက်မှာတော့ ကနဲလေးစခန်း၊ သေဘောဘိုစခန်းနဲ့ ဘလယ်ဒိုတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခံရတာပါ။ မေလ ၂၃ရက်ညပိုင်းမှာတော့ ဘလက်ဒိုတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က(မေလ ၂၈ရက်)မှာ ကနဲလေးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ သိမ်းပိုက်ရခဲ့တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ကနဲလေးစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုအနေအထားကိုတော့ မသိရသေးဘဲ စစ်ကောင်စီတပ်သား ၅၂ဦးကတော့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“သူတို့က ဒီမနက်မှ ထွက်ပြေးတာ”လို့ သူက ဆက်ပြောပါတယ်။

KNLA၊PDF ပူးပေါင်းတပ်တွေဟာ မနေ့ကလည်း မြဝတီမြို့တောင်ဘက်က သေဘောဘိုးဗျူဟာ တပ်စခန်းကို ထိုင်းနိုင်ငံကနေဖြတ်သန်းပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၆၄ဦးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

တချို့ကို အရှင်ဖမ်းမိပြီး စစ်ကောင်စီတပ်သား ၂၈ဦးကတော့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါသေးတယ်။

KNLA၊PDF ပူးပေါင်းတပ်တွေဟာ တချိန်တည်းမှာဘဲ သေဘောဘိုးဗျူဟာတပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။