Connect with us

Hi, what are you looking for?

သတင်း

ဝါဆိုလပြည်ည၌ မ်ိုးကုတ်ကို စစ်ကောင်စီဗုံးကြဲ

TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီက ​ယ​နေ့ည ၈နာရီ ၁၈မိနစ်၌လေကြောင်းမှထပ်မံဗုံးကြဲသည်။

ဇူလိုင် ၈ ရက်​နေ့တွင် မိုးကုတ်မြို့ကိုစစ်​ကောင်စီက ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့

ဇူလိုင်-၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီက ​ယ​နေ့ည ၈နာရီ ၁၈မိနစ်၌လေကြောင်းမှထပ်မံဗုံးကြဲသည်။

မိုးကုတ်မြို့အရှေ့ပိုင်းနှစ်နေရာကို ဂျက်ဖ်ိုက်တာဖြင့်ဗုံးကြဲခြင်းဒေသခံများကပြောသည်။ ညပိုင်းပြင်ပသို့မထွက်ရဲ၍ ထိခိုက်မှုအခြေအနေကို မသိရသေးဟု​ဒေသခံအချို့က​ပြောသည်။

မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်ဗုံးများလာရောက်ကြဲချပစ်ခတ်တိုက်ခိုက်သွားပြီး ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဟု TNLAကလည်းဇူလိုင် ၉ ရက်ညတွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယ​နေ့ညသည် ဝါဆိုလပြည့်ညဖြစ်ပြီး ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုအရ လူအများအပြား ကုသိုလ်ယူကြသည့် အခါကြီးရက်ဖြစ်သည်။

“လပြည့်ညကြီး ဗုံးကြဲတာ။ ကြဲသူတွေ၊ အမိန့်ပေးသူတွေ အိမ်ပြန်မလှပါစေနဲ့”ဟု မြို့ခံလူငယ်တဦးက ဆိုသည်။

စစ်ကောင်စီသည် မိုးကုတ်မြို့ကို ၂ ရက်ဆက် ဗုံးကြဲခြင်းဖြစ်သည်။ ဇူလိုင် ၈ ရက်နေ့ နံနက် ၉နာရီ၃၅မိနစ်ခန့်ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကိုယ်ပိုင်အထက်ပိုင်းကျောင်းအနီးကို စစ်ကောင်စီကပေါင် ၅၀၀ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့၍ ​ဒေသခံပြည်သူ သုံးဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ ခဲ့သည်။

နောင်ချိုမြို့အပါအဝင် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီကလေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့်တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ရုတ်သိမ်းလိုက်ပြီဟု TNLAက ထုတ်ပြန်ထားသည်။စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် ဒေသခံများအားTNLAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။