Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှု ကြုံခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေရဲ့ ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ဆို

မနှစ်တုန်းက ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေက တာဝန်ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

Getty Images

မနှစ်တုန်းက ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေက တာဝန်ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေအတွက် ပြင်ဆင်နေတဲ့ ထရမ့်ဟာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်၊ ဘတ္တလာမြို့နားမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံနေတုန်း သေနတ်နဲ့ ပစ်ခတ်တာ ခံခဲ့ရပါတယ်။ အသက် ၂၀ အရွယ် သောမတ်စ် မက်သရူး ခရွတ်ခ်စ်က ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ ထရမ့်ရဲ့ နားရွက်နဲ့ ပါးတို့ကို ရှပ်မှန်ခဲ့ပေမယ့် ထရမ့်က အသက်ဘေးကနေတော့ လွတ်မြောက်ခဲ့ပါတယ်။ ခရွတ်စ်ခ်ကတော့ ထရမ့်ရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ လျှို့ဝှက် အေးဂျင့်တွေ ပစ်သတ်လို့ သေဆုံးခဲ့ပါတယ်။

တစ်နှစ်လောက် ကြာပြီးတဲ့ အခါမှာတော့ ထရမ့်ဟာ ရွေးကောက်ပွဲ အနိုင်ရ သမ္မတအဖြစ် တာဝန်ယူနေသလို အဲဒီတုန်းက ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု အချက်အလက်တွေကိုလည်း အထက်လွှတ်တော်က ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အထက်လွှတ်တော် အစီရင်ခံစာထဲမှာတော့ သေနတ်သမား လူငယ်ဟာ လက်နက်ကိုင်ပြီး အဲဒီ စုဝေးပွဲနားက အိမ်တစ်လုံးရဲ့ အမိုးပေါ်မှာ ၄၅ မိနစ်လောက် ပုန်းအောင်းနေခွင့် ရခဲ့တာ အပါအဝင် လျှို့ဝှက်အေးဂျင့်တွေက အမှားတွေ တပြုံကြီး ကျူးလွန်ထားခဲ့ကြောင်း စွပ်စွဲ ရေးသားထားပါတယ်။

ခရွတ်စ်ခ်ဟာ ပစ်ခတ်မှု မတိုင်ခင်မှာ AR-15 ရိုင်ဖယ်ကို ယူဆောင်ပြီး ထရမ့်ရှိနေတဲ့ အခမ်းအနားကို မိုးကြည့်နေနိုင်လောက်တဲ့ နေရာမှာ အကျအန နေရာယူထားခဲ့တာပါ။ သူ့ရဲ့ ပစ်ခတ်မှုမှာ ထရမ့်က အသက်ဘေးက ကပ်လွတ်သွားပေမယ့် ထရမ့်ကို ထောက်ခံပြီး လာရောက်စုဝေးသူ တစ်ဦးတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အထက်လွှတ်တော်အမတ် ရန်းပေါလ် ဦးဆောင်တဲ့ အထက်လွှတ်တော် ပြည်တွင်းလုံခြုံရေးနဲ့ အစိုးရ မူဝါဒ ကော်မတီဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လျှို့ဝှက်အေးဂျင့် ၁၇ ယောက်ကို မေးမြန်းခဲ့သလို မှတ်တမ်းမှတ်ရာ ထောင်နဲ့ချီပြီး လေ့လာခဲ့ပါတယ်။ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်နဲ့ အရမ်းနီးနီးကပ်ကပ်ထိ သေနတ်သမား တစ်ယောက် ချဉ်းကပ်ခွင့် ရသွားလောက်အောင် ဘာတွေက မှားယွင်းသွားခဲ့သလဲ ဆိုတာကို ကော်မတီက အနုစိတ် ဆန်းစစ်ခဲ့တယ်လို့ ပေါလ်က ဆိုပါတယ်။

ထရမ့်ရဲ့ ဝန်ထမ်းတွေက လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေကို အပြန်ပြန် အလှန်လှန် ဆန်းစစ်ပေးဖို့ မေတ္တာရပ်ခံခဲ့တာကို အေးဂျင့်တွေက ငြင်းဆိုခဲ့သလို အဲဒီနေရာ တဝိုက်မှာ အပိုဆောင်း လုံခြုံရေး ဖြန့်ကျက်ထားတာမျိုးလည်း မရှိခဲ့ဘူးလို့ အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။ အဲဒီအချက်တွေဟာ လျှို့ဝှက်အေးဂျင့် အဖွဲ့ရဲ့ အရမ်းကြီးမားတဲ့ ပျက်ကွက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကော်မတီက သုံးသပ်ထားပါတယ်။

ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုက တကယ်ပဲ အထမြောက်သွားတာဟာ ကြိုတင်ပြင်ဆင်မှု အားနည်းတာ၊ အခင်းအကျင်းတွေ ညံ့ဖျင်းတာကြောင့်ဆိုတာ ဖုံးကွယ်လို့ မရကြောင်း၊ အဲဒီအတွက် ဘယ်လို လုံလုံလောက်လောက် ဆင်ခြေမျိုးမှလည်း ပေးလို့မရကြောင်း အစီရင်ခံစာမှာ ရေးသားထားခဲ့ပါတယ်။

ပင်ဆယ်လ်ဗေးနီးယားက ဖြစ်စဉ်နောက်ပိုင်းမှာတော့ လျှို့ဝှက်အေးဂျင့် အဖွဲ့ရဲ့ အေးဂျင့် ၆ ဦးဟာ ရာထူးကနေ ဆိုင်းငံ့ခံခဲ့ရပါတယ်။ ဒါပေမဲ့ လျှို့ဝှက်အေးဂျင့်တွေရဲ့ အေဂျင်စီ ဒုတိယ အကြီးအကဲ မတ်ကွင်းကတော့ စနစ်တစ်ခုလုံးရဲ့ ပြဿနာမှာ အေးဂျင့်တွေကို အလုပ်ထုတ်ရုံနဲ့ ဖြေရှင်းလို့ မရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ပဟေဠိ ဆန်နေဆဲ ကိစ္စကတော့ ခရွတ်စ်ခ်ဟာ ထရမ့်ကို သတ်ဖို့ ဘာကြောင့် ကြံစည်ခဲ့သလဲ ဆိုတာပါ။ အစီရင်ခံစာထဲမှာလည်း လုပ်ကြံဖို့ ကြိုးစားမှု နောက်ကွယ်က အကြောင်းရင်းကို ဖော်ပြမထားခဲ့ပါဘူး။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

Facebook