ငွေတိုက်စာချုပ်များကို အချိန်တိုအတွင်း ဝယ်ယူမှုများပြားလွန်းသည့်အတွက်သက်ဆိုင်ရာဘဏ်များ၏စည်းမျှဥ်းစည်းကမ်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ရန်ရှိလာသဖြင့်
ရောင်းချမူကို တစ်ပတ်ရပ်နားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၉ ရက်ညမှစ၍ ငွေတိုက်စာချုပ်ရောင်းချမှုကိုတစ်ပါတ်ရက်နားပြီး ဒီဇင်ဘာ ၆ ရက်(တနင်္လာနေ့)နေ့တွင် ပြန်လည်ရောင်းချမည်ဟုဖော်ပြထားသည်။သို့သော်
Order ID ရယူထားပြီးသူများအနေဖြင့်သက်ဆိုင်ရာဘဏ်စာရင်းသို့ ငွေလွှဲသည့်လုပ်ငန်းစဉ်အား ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်ကြောင်းလည်းအသိ့ပေးထားသည်။

ထိုအပြင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရောင်းချခဲ့သည့် ငွေတိုက်စာချုပ်များကို အချိန်မီထုတ်ဝေ၍ ပြန်လည်ပေးပို့သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း NUGကဆိုသည်။
“အခက်အခဲများ စိန်ခေါ်မှုများကြားမှ တော်လှန်ရေးအောင်စိတ်၊ ပြင်းပျသောဆန္ဒ၊ ပြတ်သားသော သန္နိဋ္ဌာန်ဖြင့် အားထုတ်ဝယ်ယူကြသည့်အတွက် လေးစားစွာဦးညွတ်ပါသည်”ဟုလည်းဖော်ပြထားသည်။

Public Service Announcement
NUG ကရောင်းချသောငွေတိုက်စာချုပ်များမှာနိုဝင်ဘာ ၂၅ရက်မွန်းလွှဲပိုင်းအထိ့ဒေါ်လာ၁၃သန်းကျော်ရောင်းချပြီးဖြစ်သည်။
NUG၏ငွေတိုက်စာချုပ်များကို ရောင်းချမူကို ချက်နိုင်ငံ၏ Fio Banka ဘဏ်ကလက်ခံခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၃ ရက်တွင် NUG၏ငွေတိုက်စာချုပ်များကို စင်ကာပူနိုင်ငံက ဝယ်ယူရာတွင် ငွေလွဲမူပမာဏများ၍ စင်ကာပူ ဘဏ်နှစ်ခုဖြစ်သည့် POSBနှင့် DSBဘဏ်တို့၏ ဒစ်ဂျစ်တယ်ဘဏ်စနစ်များနှောင့်နှေးပြတ်တောက်ခဲ့ရသည်။


















































