Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပိုဆောင်း ကာကွယ်ရေးဘတ်ဂျတ် ဒေါ်လာ ၄၀ ဘီလီယံဖိုးလောက် တိုးမြှင့်နိုင်ဖို့ ထိုင်ဝမ် စီစဉ်နေ

အပိုဆောင်း ကာကွယ်ရေးဘတ်ဂျတ် ဒေါ်လာ ၄၀ ဘီလီယံဖိုးလောက်ထိ တိုးမြှင့်သုံးစွဲနိုင်ဖို့ ထိုင်ဝမ် အစိုးရက ကြိုးစားနေကြောင်း သိရပါတယ်။

အပိုဆောင်း ကာကွယ်ရေးဘတ်ဂျတ် ဒေါ်လာ ၄၀ ဘီလီယံဖိုးလောက်ထိ တိုးမြှင့်သုံးစွဲနိုင်ဖို့ ထိုင်ဝမ် အစိုးရက ကြိုးစားနေကြောင်း သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုကြီးထွားလာနေတဲ့ အခြေအနေမှာ ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို ထိထိရောက်ရောက် မြှင့်တင်ဖို့ ပိုပြီး အရေးတကြီး လိုအပ်လာနေတယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကိုပဲ လိုလားနေပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း တရုတ် အစိုးရဟာ ထိုင်ဝမ်ဆိုတာ တရုတ်ရဲ့ ပိုင်နက်ဖြစ်ကြောင်း ဝါဒဖြန့် ပုံဖော်တဲ့ အားထုတ်မှုတွေကို ပိုပြီး အရှိန်မြှင့်လာတဲ့အပြင် စစ်ရေးအရလည်း ခြိမ်းခြောက်မှုဆန်တဲ့ ဖိအားပေးမှုတွေကို ချဲ့ထွင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထိုင်ဝမ် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် စရိတ်စက ပိုမို မြှင့်တင် အသုံးပြုသင့်ကြောင်း တိုက်တွန်း တောင်းဆိုလာခဲ့ပါတယ်။ ဩဂုတ်လမှာတော့ လိုင်က သူ့နိုင်ငံရဲ့ နှစ်စဉ် GPDထဲက ၅ ရာခိုင်နှုန်းထိ အချိုးအစားကို ကာကွယ်ရေးအတွက် အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ဖူးပါတယ်။

လိုင်ဟာ လာမယ့်နှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ဘီလီယံ ၃၀ ကျော်ကို အသုံးပြုခွင့်ရဖို့အတွက် လွှတ်တော်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ GDP ပမာဏ ၃.၃၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့မှာ မိတ်ဆက် ကြေညာခဲ့တဲ့ အပိုဆောင်း ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၄၀ ဘီလီယံကတော့ လာမယ့် နှစ်တွေအတွင်း နှစ်အလိုက် ကာကွယ်ရေး အသုံးစရိတ်တွေအပြင် လိုအပ်တဲ့ အပိုင်းတွေမှာ ဖြည့်တင်းသုံးစွဲဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် ကျူးကျော်စစ်တွေရဲ့ နောက်ဆုံး အနှစ်ချုပ် ရည်ရွယ်ချက်ကတော့ ကျူးကျော်ခံရတဲ့ နိုင်ငံကို ကျွန်ပြုဖို့သာ ဖြစ်တယ်လို့ လိုင်က ပြောပါတယ်။ ထိုင်ဝမ်ဟာ အမျိုးသား လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်ရင် နည်းနည်းလေးမှ ပေါ့လျော့လိုက်လို့ မရဘူးလို့လည်း သူက ဆိုပါတယ်။ အချုပ်အခြာ အာဏာ ခိုင်မာရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတွေ ဆိုတာက နိုင်ငံရဲ့ လုံးဝ အထိခိုက် မခံနိုင်တဲ့ အခြေခံ စံတန်ဖိုးတွေ ဖြစ်တယ်လို့လည်း လိုင်က ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ရှိ သမ္မတသက်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ကို စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူညီခဲ့ပြီး သီတင်းပတ်တချို့ အကြာမှာ လိုင်က အပိုဆောင်း ကာကွယ်ရေးစရိတ် သတ်မှတ်မယ့် ကိစ္စကို ကြေညာခဲ့တာပါ။

နိုဝင်ဘာ လဆန်းတုန်းက ထရမ့်ရဲ့ အစိုးရဟာ ဒေါ်လာ သန်း ၃၃၀ ဖိုး စစ်လက်နက် ပစ္စည်း အစိတ်အပိုင်းတွေ ထိုင်ဝမ်ဆီ ရောင်းချဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

လိုင်က ထိုင်ဝမ်ဟာ T-Domeလို့ နာမည်ပေးထားပြီး အလွှာအဆင့်ဆင့်နဲ့ ခုခံနိုင်မယ့် လေကြောင်းကာကွယ်ရေး စနစ်တစ်ခုကို အကောင်အထည် ဖော်နိုင်ရေး အားထုတ်မှုတွေကိုလည်း အရှိန်အဟုန် မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

သူပေးချင်တဲ့ သတင်းစကားက ရိုးရှင်းကြောင်း၊ ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကို အလေးထား အာရုံစိုက်သွားမှာ ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း နိုင်ငံရဲ့ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ထက်သန် ပြင်းပြမှုမှာ ထိုင်ဝမ်ကို ကမ္ဘာပေါ်မှာ ရှိသမျှ တခြား ဘယ်နိုင်ငံမှ မမီနိုင်ကြောင်း လိုင်က ပြောကြားသွားပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ကျွန်းငယ်တွေမှာ ကင်းလှည့်တာဝန်ယူဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ စက်ရုပ်ခွေးတွေကို ထိုင်ဝမ်စစ်တပ်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ရေး မစ်ရှင်အတွင်း ထိုင်ဝမ်စစ်တပ်ရဲ့ အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။