Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါကစ္စတန်မှာ ရထားနှစ်စီး တိုက်မိပြီး လူ ၃၀ ထက်မနည်း သေဆုံး

ပါကစ္စတန် နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၆ ရက်က ခရီးသည်တင် ရထားနှစ်စီး တိုက်မိမှုမှာ ဒဏ်ရာရသူ တော်တော်များများလည်း ရှိခဲ့ပြီး ဆင်းဒ်ပြည်နယ်ထဲက ဆေးရုံတချို့ဆီ ခွဲဝေ ပို့ဆောင်ပေးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်နေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ခရီးသည်တင် ရထားတစ်စီးဟာ လမ်းချော်ထွက်သွားရာက တခြား လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ခရီးသည်တင် ရထား နောက်တစ်စီးကို ဝင်တိုက်မိခဲ့တာပါ။ ပါကစ္စတန်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လူ့အသက်တွေ ဆုံးရှုံးရတဲ့ ရထား မတော်တဆမှုတချို့ ကြုံတွေ့ခဲ့ပြီးပါပြီ။

ကယ်ဆယ်ရေး အဖွဲ့ရဲ့ အဆိုအရ ရထားချင်း တိုက်မိတဲ့အတွက် ရထားတွဲ ရှစ်ခုဟာ လုံးဝဥဿုံ ပျက်စီးသွားတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ခရီးသည်တွေကို ရှာဖွေ ကယ်ထုတ်ဖို့ ကြိုးစားနေဆဲပါ။

ဝန်ကြီးချုပ် အင်မ်ရန်ခန်းက အခု မတော်တဆမှု သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန်မှာ ရထား သယ်ယူပို့ဆောင်ရေး စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲ ဖြစ်ပေမယ့် လုံခြုံရေး အစီအမံတွေ ညံ့ဖျင်းမှု၊ ရထားလမ်းပိုင်းတွေရဲ့ သက်တမ်း အိုဟောင်းမှုတွေကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အန်ဒ်ဟရာ ပရာဒက်ရှ်ပြည်နယ် အစိုးရက အခင်းဖြစ်ရာ နေရာကို ကယ်ဆယ်ရေးနဲ့ အကူအညီ အဖွဲ့အစည်းတွေ အမြန်ဆုံး သွားရောက်ဖို့ ညွှန်ကြားထားပြီး ထိခိုက်နစ်နာခဲ့သူတွေနဲ့ သက်ဆိုင်ရာ မိသားစုတွေကို အစွမ်းကုန် ထောက်ပံ့မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

မိုးရွာသွန်းမှုတွေကြောင့် တောထဲကနေ ရေတွေလျှံကျပြီး ရထားလမ်းပေါ် ဖြတ်သန်း စီးဆင်းရာကနေ အခုလို မတော်တဆမှု ဖြစ်ခဲ့တာလို့ ကနဦး စုံစမ်းမှုတွေအရ သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

နိုင်ငံတကာ

ရထားပို့ဆောင်ရေးဌာန ဝန်ကြီး ဆက်ဒ်ရာဖစ်က ကနဦး စုံစမ်းမှုတွေအရ ရထားဟာ ပုံမှန် သတ်မှတ် မြန်နှုန်းနဲ့ပဲ မောင်းနှင်နေခဲ့တယ်လို့ သိရှိထားကြောင်း ပြောပါတယ်။ ဘယ်လို အမှားအယွင်းကြောင့် အခုလို မတော်တဆမှုမျိုး ဖြစ်သွားသလဲ ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ ဝန်ကြီးက ဆိုပါတယ်။