Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ ရထားနှစ်စီး တိုက်မိပြီး လူ ၃၀ ထက်မနည်း သေဆုံး

ပါကစ္စတန် နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၆ ရက်က ခရီးသည်တင် ရထားနှစ်စီး တိုက်မိမှုမှာ ဒဏ်ရာရသူ တော်တော်များများလည်း ရှိခဲ့ပြီး ဆင်းဒ်ပြည်နယ်ထဲက ဆေးရုံတချို့ဆီ ခွဲဝေ ပို့ဆောင်ပေးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်နေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ခရီးသည်တင် ရထားတစ်စီးဟာ လမ်းချော်ထွက်သွားရာက တခြား လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ခရီးသည်တင် ရထား နောက်တစ်စီးကို ဝင်တိုက်မိခဲ့တာပါ။ ပါကစ္စတန်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လူ့အသက်တွေ ဆုံးရှုံးရတဲ့ ရထား မတော်တဆမှုတချို့ ကြုံတွေ့ခဲ့ပြီးပါပြီ။

ကယ်ဆယ်ရေး အဖွဲ့ရဲ့ အဆိုအရ ရထားချင်း တိုက်မိတဲ့အတွက် ရထားတွဲ ရှစ်ခုဟာ လုံးဝဥဿုံ ပျက်စီးသွားတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ခရီးသည်တွေကို ရှာဖွေ ကယ်ထုတ်ဖို့ ကြိုးစားနေဆဲပါ။

ဝန်ကြီးချုပ် အင်မ်ရန်ခန်းက အခု မတော်တဆမှု သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန်မှာ ရထား သယ်ယူပို့ဆောင်ရေး စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲ ဖြစ်ပေမယ့် လုံခြုံရေး အစီအမံတွေ ညံ့ဖျင်းမှု၊ ရထားလမ်းပိုင်းတွေရဲ့ သက်တမ်း အိုဟောင်းမှုတွေကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။