ဇွန်လ ၆ ရက်က ခရီးသည်တင် ရထားနှစ်စီး တိုက်မိမှုမှာ ဒဏ်ရာရသူ တော်တော်များများလည်း ရှိခဲ့ပြီး ဆင်းဒ်ပြည်နယ်ထဲက ဆေးရုံတချို့ဆီ ခွဲဝေ ပို့ဆောင်ပေးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်နေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ခရီးသည်တင် ရထားတစ်စီးဟာ လမ်းချော်ထွက်သွားရာက တခြား လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ခရီးသည်တင် ရထား နောက်တစ်စီးကို ဝင်တိုက်မိခဲ့တာပါ။ ပါကစ္စတန်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လူ့အသက်တွေ ဆုံးရှုံးရတဲ့ ရထား မတော်တဆမှုတချို့ ကြုံတွေ့ခဲ့ပြီးပါပြီ။
ကယ်ဆယ်ရေး အဖွဲ့ရဲ့ အဆိုအရ ရထားချင်း တိုက်မိတဲ့အတွက် ရထားတွဲ ရှစ်ခုဟာ လုံးဝဥဿုံ ပျက်စီးသွားတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ခရီးသည်တွေကို ရှာဖွေ ကယ်ထုတ်ဖို့ ကြိုးစားနေဆဲပါ။
ဝန်ကြီးချုပ် အင်မ်ရန်ခန်းက အခု မတော်တဆမှု သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Public Service Announcement
ပါကစ္စတန်မှာ ရထား သယ်ယူပို့ဆောင်ရေး စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲ ဖြစ်ပေမယ့် လုံခြုံရေး အစီအမံတွေ ညံ့ဖျင်းမှု၊ ရထားလမ်းပိုင်းတွေရဲ့ သက်တမ်း အိုဟောင်းမှုတွေကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ကြုံတွေ့နေရပါတယ်။
